Headlines News :
Home » » လှိုင်သာယာ ပီနံအိတ်စက်ရုံ လုပ်သားများ ဆက်လက်ဆန္ဒပြ

လှိုင်သာယာ ပီနံအိတ်စက်ရုံ လုပ်သားများ ဆက်လက်ဆန္ဒပြ

Written By လွင့်မောင်မောင် on Tuesday, June 17, 2014 | 4:21 PM

worker-305.jpg
လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြနေကြတဲ့ စက်ရုံတစ်ရုံက အလုပ်သမားများကို တွေ့ရစဉ်
photo: RFA/ Kyaw Htoon Naing
 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့  ဟုန်စိန် ပီနံအိတ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်လောက်ဟာ ရှားပါးစရိတ် ၂ သောင်းပေးဖို့ စက်ရုံရှေ့မှာ ဒီနေ့ ၄ရက်မြောက်နေ့အဖြစ် ဆန္ဒပြတောင်းဆိုနေကြပါတယ်။
အလုပ်ရှင်က တစ်လကို ကျပ် ၁ သောင်းပဲ တိုးပေး တာကြောင့် အလုပ်သမားတွေက လက်မခံနိုင်တဲ့အ တွက် ဆန္ဒပြကြတာဖြစ်ကြောင်း ဆန္ဒပြအလုပ်သမ တစ်ဦးဖြစ်သူ မသီတာချိုက ပြောပါတယ်။
"သူများစက်ရုံတွေက လစာတိုးတယ်၊ ကျမတို့စက်ရုံက ခုလစာမတိုးဘူး၊ ကျမတို့ ဆန္ဒပြတောင်းဆိုတာ ကိုလည်း သူတို့ဘက်က မလိုက်လျောဘူး၊ သူတို့လစာ ၁ သောင်းတိုးပေးတယ်၊ ကျမတို့တောင်းတာ ၄ သောင်းတောင်းတာ၊ ၂ သောင်းလောက်ပေးရင် ကို ကျေနပ်တယ်၊ သူတို့က အဲလိုမတိုးပေးဘူး"
ဆန္ဒပြ အလုပ်သမားတွေဟာ ရှားပါးစရိတ် ကျပ် ၂ သောင်း ၊ ထမင်းစရိတ် ကျပ် ၁ သောင်းနဲ့ လမ်းစရိတ် ကျပ် ၁ သောင်းပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။  တစ်ရက်ကို ပီနံအိတ်အလုံးရေ ၈ ထောင်အထိ ချုပ်ဖို့ စက်ရုံက စည်းကမ်းသတ်မှတ်ထားပေမယ့် သတ်မှတ်အလုံးရေထက်ပိုပြီး လုပ်ခိုင်းနေတဲ့အပေါ် ဖြေရှင်းပေးဖို့ ကိုလည်း တောင်းဆိုနေကြတာပါ။
အဲ့ဒီ ဟုန်စိန်ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၂၀၀ နီးပါးရှိပြီး အလုပ်သမား ၁၃၀ လောက်က ဆန္ဒပြနေကြတာဖြစ်ပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template