Headlines News :
Home » » ဖမ်းဆီးခံသံဃာငါးပါး အမြန်ဆုံးပြန်လွှတ်ရန် ထားဝယ်တိုင်းရင်းသားများ ပါတီတောင်းဆို

ဖမ်းဆီးခံသံဃာငါးပါး အမြန်ဆုံးပြန်လွှတ်ရန် ထားဝယ်တိုင်းရင်းသားများ ပါတီတောင်းဆို

Written By လွင့်မောင်မောင် on Friday, June 20, 2014 | 7:50 AM

Photo- DNP
မဟာသန္တိသုခကျောင်း တိုက်ကိစ္စနှင့်ပတ်သက်ပြီး လူဝတ်လဲကာ ထိန်းသိမ်းခံထားရသည့် ထားဝယ်သံဃာတော်နှစ်ပါးအပါအဝင် ထိန်းသိမ်းခံသံဃာ များအား ခြွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ်ပေးရန် ထားဝယ်တိုင်းရင်းသားများပါတီက ဇွန်လ ၁၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ကာ တောင်းဆို လိုက်သည်။
ထိန်းသိမ်းခံ ထားဝယ်သံဃာနှစ်ပါးသည် သာသနာပြန့် ပွားရေးအတွက် ပညာသင်ကြားပေးနေသည့် သံဃာနှစ်ပါးဖြစ်ပြီး အဆိုပါသံဃာများ ထိန်းသိမ်းခံရခြင်းကို စိုးရိမ်ပူပန်ကြောင်း ထားဝယ်မြို့အခြေစိုက် ထားဝယ် တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။
  
‘‘ဒါက ဘယ်လိုမှမသင့်လျော်တဲ့လုပ်ရပ်ပဲ။ ဆရာတော်တွေက သင်တန်းပို့ချနေတဲ့ ဆရာတော်တွေ။ သူတို့မှာ ဘာအပြစ်မှမရှိဘူး’’ဟု ဦးအေးမင်းက ပြောသည်။
  
ထိန်းသိမ်းခံထားဝယ်သံဃာနှစ်ပါးသည် မလေးရှား၊ ဗြိတိန်၊ သီရိလင်္ကာစသည့်နိုင်ငံများတွင် သီတင်းသုံးကာသာသနာပြုနေသူများဖြစ်ပြီး ၎င်းသံဃာတော်များ ဖမ်းဆီးခံရသည့်အတွက် ထားဝယ်ဒေသအပါအဝင် နေရာအနှံ့အပြားမှ ဒါယကာ၊ ဒါယိကာမများက များစွာစိုးရိမ်ကြောင်း ကြေညာချက်များတွင် ရေးသားထားသည်။
  
‘‘သံဃာတော်တွေကိစ္စ ဒီနေ့အဖြေထွက်မယ်ဆိုလို့ စောင့်ကြည့်နေတယ်။ နောက်ပြီးမှ ဘာဆက်လုပ်မလဲစဉ်းစားမယ်’’ဟု ဦးအေးမင်းက ပြောသည်။
7 Day Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template