Headlines News :
Home » , » လေပြင်းတိုက် လှိုင်းရိုက်သဖြင့် ကျွန်းစုတွင် နေအိမ်အချို့ပျက်စီး

လေပြင်းတိုက် လှိုင်းရိုက်သဖြင့် ကျွန်းစုတွင် နေအိမ်အချို့ပျက်စီး

Written By လွင့်မောင်မောင် on Tuesday, June 17, 2014 | 9:07 AM



Dawei Watch | မြိတ်၊ ဇွန် ၁၆

မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာအုပ်စု ၀ါးအော်ရွာတွင်
ဇွန်လ ၁၄ ရက် မွန်းလွဲ ၁၂ ခွဲအချိန်ခန့်တွင် လေပြင်းတိုက်ခိုက်ပြီး
လှိုင်းရိုက်ပုတ်မှုကြောင့် လူနေအိမ် ၈ လုံးပျက်စီးခဲ့ရသည်ဟု
ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။

ပျက်စီးခဲ့သည့် နေအိမ်အများစုမှာ ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း
အိမ်များဖြစ်ပြီး အောက်ခြေကွန်ကရစ်တိုင်ပါ နေအိမ် နှစ်လုံးလည်း
ပါရှိခဲ့ပြီး လူကိုထိခိုက်မှုတစ်စုံရာမရှိကြော
င်း ဦးဇော်ဝင်းက ပြောသည်။

“ရေပြည့်ချိန်လည်းဖြစ်နေပြီး ရေလှိုင်းက အိမ်အောက်ခြေမှတဆင့်
ပျဉ်းခင်းများကို ရိုက်ခွဲသလိုမျိုးဖြစ်သွားပါတယ်”ဟု အုပ်ချုပ်ရေးမှူး
ဦးဇော်ဝင်း ကပြောသည်။

လက်ရှိတွင် ပျက်စီးခဲ့သောနေအိမ်များမှ လူဦးရေ ၃၂ ဦးကို
ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတွင် နေရာချထားပေးကြောင်း သိရသည်။

အလားတူ ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု အုပ်ဖိုမော်ကျေးရွာတွင်
လှိုင်းပုတ်ခတ်မှုကြောင့် လူနေအိမ် တစ်ချို့ပျက်စီးခဲ့သော်လည်း တစ်စုံတစ်ရာ
ထိခိုက်မှုမရှိကြောင်း ယင်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောပြသည်။

အုပ်ဖိုမော်ကျေးရွာတွင် လူနေအိမ်ခြေ မည်မျှအထိ ပျက်စီးခဲ့ကြောင်း
အကျိုးအကြောင်းကို ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်မှုဧရိယာပြင်ပသို့
ရောက်ရှိနေသဖြင့် အသေးစိတ် မသိရှိရသေးပေ။

တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် တိုက်ခတ်နေသော လေပြင်းကြောင်း ပြီးခဲ့
ရက်ပိုင်းက ကော့သောင်းမြို့ ကမ်းနားလမ်း ရေကျော်ခဲ့ပြီး ယင်းမြို့နယ်
ကျေးရွာအချို့မှ နေအိမ်များ ပြိုကျခဲ့သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template