Headlines News :
Home » » ဖမ်းဆီးခံ သံဃာငါးပါးကို သင်္ကန်းပြန်ဆီးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ

ဖမ်းဆီးခံ သံဃာငါးပါးကို သင်္ကန်းပြန်ဆီးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ

Written By လွင့်မောင်မောင် on Friday, June 20, 2014 | 4:07 PM


ဖမ်းဆီးသံဃာတော် ငါးပါးကို သင်္ကန်းပြန်ဆီး ပေးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ ညီခဲ့ကြောင်း ညှိနှိုင်း ဆောင်ရွက်ရာ တွင်ပါဝင်သည့် မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက 7Day Daily  ကို နေ့လယ် ၁၂ နာရီအချိန်တွင် မိန့်ကြားသည်။

လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီး ပေးသွားဖွယ်ရှိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးသို့ ဖမ်းဆီးခံသံဃာငါးပါးသည် နံနက် ၁၀ နာရီတွင် ရောက်ရှိလာပြီး ယခုအချိန်အထိ သာသနာရေးဌာနမှ တာဝန်ရှိသူများနှင့် တာမွေတရားရုံးတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

ရွှေည၀ါဆရာတော်၊ ဦးဝီရသူနှင့် ဦးပါမောက္ခတို့သည် ဖမ်းဆီးခံသံဃာတော်များ ပြန်လွတ်မြောက်ရေးအတွက် နံနက် ၉ နာရီခွဲအချိန်တွင် တာမွေတရားရုံးသို့ ရောက်ရှိနေကြသည်။

လက်ရှိတွင် တာမွေတရားရုံးရှေ့၌ ၈၈ မျိုးဆက်ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူများ ရောက်ရှိနေသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template