Headlines News :
Home » » ဒေသန္တရ ခရီးကြမ်း စက်ဘီးစီးအဖွဲ့ တစ်ပတ်အကြာ ကော့သောင်းသို့ ရောက်ရှိ

ဒေသန္တရ ခရီးကြမ်း စက်ဘီးစီးအဖွဲ့ တစ်ပတ်အကြာ ကော့သောင်းသို့ ရောက်ရှိ

Written By လွင့်မောင်မောင် on Friday, June 20, 2014 | 8:22 AM





 ကော့သောင်း၊ ဇွန် ၁၉ 

ထားဝယ်မြို့မှ ထွက်ခွာလာသော ဒေသန္တရ ခရီးကြမ်းစက်ဘီးအဖွဲ့သည် တစ်ပတ်ကျော်အကြာ ကော့သောင်းမြို့သို့ ဆိုက်ရောက်လာခဲ့သည်။

ထားဝယ်မြို့မှ တနင်္သာရီတိုင်းဒေသကြီး ၁၀ မြို့နယ်ကို ဖြတ်သန်းကာ စုစုပေါင်း ၈ ရက်အကြာ ဇွန်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် ကော့သောင်းမြို့ ဘုရင့်နောင်အငူသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ကျွန်တော်တို့က တနသာင်္ရီတိုင်းအတွင်းမှာနေထိုင်တဲ့ ထားဝယ်လူမျိုးတွေဖြစ်ပါ တယ်။ အခုလိုမျိုး တိုင်းအတွင်း ၁၀ မြို့နယ်မှာနေထိုင်တဲ့ လူမျိုးစုတွေရဲ့ နေထိုင်မှုဘ၀အခြေအနေ၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို ကိုယ်တိုင်လေ့လာချင်တာရယ်၊ နောက် တိုင်းဒေသကြီးအတွင်း စက်ဘီးစီး လူငယ်မျိုးဆက်သစ်တွေ ထပ်မံပေါ်ပေါက်လာအောင်ယခုကဲ့သို့ စက်ဘီးနှင့် ဒေသန္တရခရီး ထွက်ဖြစ်ခဲ့တာဖြစ်ပါတယ်"ဟု

 တောင်တက်စက်ဘီးစီး ချန်ပီယံ တစ်ဦးလည်းဖြစ်သည့် စက်ဘီးစီးအဖွဲ့ခေါင်းဆောင် ဦးဇော်မင်း ကပြောသည်။

ဝါရင့် စက်ဘီးစီးနင်းသူ ဦးသီးလှိုင်၏ အသက် ၈၀ ပြည့်မွေးနေ့တွင် ယင်းစက်ဘီးအဖွဲ့ စတင်စီးနင်းခဲ့ပြီး  ဦးသီးလှိုင်မှာ ထားဝယ်မြို့မှ ထွက်ခွာပြီး မကြာမီ ရုတ်တရက် ကျန်းမာရေး ချို့တဲ့လာသဖြင့် ဆက်လက်လိုက်ပါနိုင်ခြင်း မရှိတော့ပေ။

စက်ဘီးအဖွဲ့တွင် ဦးဇော်မင်းဦးနှင့် အတူ၊ အပျော်တမ်းစက်ဘီးဝါသနာရှင် ဦးစိုးမင်းသူ၊ ဦးမျိုးမြင့်တို့ လိုက်ပါစီးနင်းခဲ့သည်။

လမ်းခရီးတစ်လျှောက် အလှူငွေများရရှိခဲ့ပြီး ယင်းငွေများကို တိုင်းအတွင်း ပရဟိတအဖွဲ့ အစည်းများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဦးဇော်မင်းဦးက ထပ်လောင်းပြောကြားသည်။

ဦးသီးလှိုင်မှာ မြန်မာပြည်အနှံ စက်ဘီးစီးနင်းခဲ့ဖူးသူဖြစ်ပြီး ယခုအခါ ပြန်လည် ကျန်းမာလာပြီ ဖြစ်သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template