Headlines News :
Home » » Air Bagan ပြည်တွင်း လေကြောင်းလိုင်း ဆက်လက်ပျံသန်းမည်

Air Bagan ပြည်တွင်း လေကြောင်းလိုင်း ဆက်လက်ပျံသန်းမည်

Written By Live100 on Monday, August 17, 2015 | 10:37 PM


ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - အင်တာနက် 
 ဦးတေဇပိုင်တဲ့ ပြည်တွင်း Air Bagan လေကြောင်းလိုင်း ရပ်နားခံရတယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေတာ မဟုတ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူက ဒီနေ့ RFA ကို ပြောပါတယ်။

Air Bagan ပြည်တွင်း လေကြောင်းလိုင်းမှာ လေယာဉ်တစ်စီးတည်းရှိတာကြောင့် အဲ့ဒီလေယာဉ်ကို ပြုပြင်ဖို့အတွက် လေကြောင်းလိုင်း ရပ်နားထားတာဖြစ်တယ်လို့ လေကြောင်းလိုင်း လက်ထောက်မန်နေဂျာ မမိုင်ဂရေ့စ်က ပြောပါတယ်။

"အခုလောလောဆယ် Air Bagan လေယာဉ်က တစ်စီးတည်းကျန်တာပေါ့နော်၊ လေယာဉ်ပျံ ပြုပြင်ထိန်းသိမ်းမှုရှိတယ် ဒါတော့ပုံမှန်လုပ်နေကျပေါ့နော်၊ တစ်နှစ်မှာ ဘယ်လေယာဉ်မဆို တစ်ခေါက်က ပြုပြင်ရတယ် စစ်ဆေးရတယ်၊ အဲ့လိုလုပ်ရတဲ့အခါကျတော့ ၁ လ လောက်ကြာတယ်ပေါ့နော်၊ အဲ့ဒါကြောင့်မို့လို့ လေယာဉ်မရှိဘူးဖြစ်နေတော့ ခရီးစဉ်တွေခဏနားပေမယ့်လည်း Asia Wings နဲ့ ဆက်လက်ပြီးတော့မှ ရောင်းချပျံသန်းနေတယ်၊ ထွက်ခွာခွင့်ပိတ်တာမဟုတ်ဘူး၊ ဒီဘက်မှာ အခက်အခဲလေးတွေရှိနေလို့လေ၊ လေယာဉ်လိုင်း ရပ်တာတို့ဘာတို့ပြောနေလို့လေ မဟုတ်ပါဘူး"

ဖေ့ဘွတ်စ်စာမျက်နှာပေါ်မှာ Air Bagan လေကြောင်းလိုင်းဟာ တစ်နှစ်ရပ်ဆိုင်းခံရကြောင်း ရေးသားနေကြတာဖြစ်ပါတယ်။

Air Bagan လေကြောင်းလိုင်းဟာ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်တာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပြီးနောက်မှာ အဲ့ဒီလို ရေးသားပြောဆိုနေကြတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template