Headlines News :
Home » » ဘန်ကောက်မြို့လယ်မှာ အင်အားပြင်း ဗုံး ပေါက်ကွဲ
ဘန်ကောက်မြို့လယ်မှာ အင်အားပြင်း ဗုံး ပေါက်ကွဲ
Written By Live100 on Monday, August 17, 2015 | 9:57 PM
လူ​စည်​ကား​ရာ ​ဧ​ရာ​ဝဏ် ​ဘု​ရား​အ​နီး​မှာ ​ဗုံး​ကွဲ​ခဲ့။ 
ဗုံး​ပေါက်​ကွဲ​မှု​ကြောင့် ​အ​နည်း​ဆုံး ​လူ ၁၅ ​ယောက် ​သေ​ဆုံး​ခဲ့​ပြီး ၂၀ ​ကျော် ​ရ​ခဲ့​တယ်​လို့ ​ဒေ​သ​တွင်း ​သ​တင်း​တွေ​က ​ပြော​ပါ​တယ်။
ဗုံး​ပေါက်​ကွဲ​ရာ ​နေ​ရာ​တ​ဝိုက်​မှာ ​အ​ပျက်​အ​စီး​တွေ​နဲ့ ​ခ​န္ဓာ​ကိုယ် ​အ​စိတ်​အ​ပိုင်း​တွေ ​ပြန့်​ကျဲ​နေ​တယ်​လို့ ​အ​ခင်း​ဖြစ်​ရာ​ကို ​ရောက်​ရှိ​နေ​တဲ့ ​ဘီ​ဘီ​စီ ​သ​တင်း​ထောက် ​ဂျွန်​န​သန် ​ဟက်ဒ်​က ​ဆို​ပါ​တယ်။
လူ​စည်​ကား​တဲ့ ​ဧ​ရာ​ဝဏ် ​ဘု​ရား​အ​နီး ​တ​ဝိုက်​မှာ ​ရှိ​တဲ့ ​လူ​တွေ​ဟာ ​ဗုံး​ပေါက်​တဲ့ ​စက်​ကွင်း​ထဲ​မှာ ​ရှိ​နေ​ခဲ့​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။
မော်​တော် ​ဆိုင်​ကယ်​မှာ ​ထောင်​ထား​တဲ့ ​ဗုံး ​ဖြစ်​နိုင်​တယ်​လို့ ​ဆို​ပြီး၊ ​ဘယ်​သူ ​ဘယ်​ဝါ​ရဲ့ ​လက်​ချက် ​ဖြစ်​တယ် ​ဆို​တာ​ကို ​မ​သိ​ရ​သေး​ပါ​ဘူး။
တ​ချို့ ​သ​တင်း​တွေ ​အ​ရ ​သေ​ဆုံး ​ဒဏ်​ရာ​ရ​သူ ​တွေ​ထဲ​မှာ ​နိုင်​ငံ​ခြား​သား ​ခ​ရီး​သည်​တွေ ​ပါ​ဝင်​နိုင်​တယ်​လို့ ​ဆို​ပါ​တယ်။
BBC Burmese
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template