Headlines News :
Home » , » ကော့သောင်း ဘုရင့်နောင်ကုန်း လည်ပတ်ခွင့် အချိန်ကန့်သတ်

ကော့သောင်း ဘုရင့်နောင်ကုန်း လည်ပတ်ခွင့် အချိန်ကန့်သတ်

Written By Live100 on Thursday, August 20, 2015 | 9:03 AM





ကော့သောင်းမြို့ ဘုရင့်နောင်ကုန်း မြင်ကွင်း
ဓာတ်ပုံ - နိုင်သစ် / Dawei Watch

|Dawei Watch| ကော့သောင်း၊ သြဂုတ် ၁၉
ကော့သောင်းမြို့ရှိ ခရီးသွားများ လည်ပတ်လေ့ရှိသော ထင်ရှားသည့် နေရာများအနက် တစ်ခုဖြစ်သည့် ဘုရင့်နောင် ရုပ်ထု တည်ရှိရာ ဘုရင့်နောင်ကုန်းမြေ၀င်းသို့ ၀င်ရောက် လည်ပတ်ရန် ပြီးခဲ့သည့်အပတ်ကစပြီး အချိန်ကန့်သတ် လိုက်ကြောင်း ကော့သောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ယခင်က အချိန်ကန့်သတ်ချက်မရှိ သွားလာခွင့်ရှိသည့် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ ယင်းကုန်းမြေ၀င်း သို့ သြဂုတ်လ ၁၀ ရက်နေ့မှ စပြီး မနက် ၆ နာရီမှ ၈ နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုတော့မည်ဖြစ်ပြီး ကုန်းမြေကိုလည်း ခြံစည်းရိုး ကာရံလိုက်ကြောင်း ကော့သောင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်က ပြောသည်။
“ဘုရင့်နောင်ကုန်းပေါ်မှာ မှုးယစ်ဆေးဝါးရောင်းချသူ သုံးစွဲတဲ့ လူငယ်တွေနဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ နေ့ည ကျက်စားတဲ့ နေရာတစ်ခုဖြစ်လို့ အခုလို အချိတ်ကန့်သတ်လိုက်တာ မြို့အတွက် ကောင်းတယ်”ဟု ဘုရင့်နောင် ရပ်ကွက်နေ ဦးစိုးထွေးကဆိုသည်။
ညနက်ပိုင်းတွင် မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုများ မဖြစ်စေရန်နှင့် ကုန်းမြေ ရေရှည်တည်တံ့ပြီး သန့်ရှင်းလှပရန် ရည်ရွယ်ပြီး ယင်းသို့ အချိန်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီအဖွဲ့ဝင်က ရှင်းပြသည်။
ဘုရင့်နောင်ကုန်းသည် ကော့သောင်းမြို့ရှိ ထင်ရှားသည့် နေရာများအနက် တစ်ခုဖြစ်ပြီး မနက်ပိုင်းကျန်းမာရေး လမ်းလျှောက်သူများ၊ နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာရောက် လည်ပတ်လေ့ရှိသည့် နေရာဖြစ်သည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template