Headlines News :
Home » , » တနင်္သာရီ- ထုံခါး-သဲဖြူ လမ်း လမ်းမြေသား ကျွံကျမှုဖြစ်ပွား၍ ၁၀ ဘီးယာဉ်နှစ်စီး မြေကျွံ

တနင်္သာရီ- ထုံခါး-သဲဖြူ လမ်း လမ်းမြေသား ကျွံကျမှုဖြစ်ပွား၍ ၁၀ ဘီးယာဉ်နှစ်စီး မြေကျွံ

Written By Live100 on Thursday, August 20, 2015 | 9:11 AM



 တနင်္သာရီ သြဂုတ် ၁၉

 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့မှအထွက်( တနင်္သာရီ- ထုံခါး-သဲဖြူ )မြေသားလမ်း၊ မြိတ်မြို့မှမိုင်တိုင်အမှတ် ၅၁ မိုင် (၆-၇) လမ်း အပိုင်း တနင်္သာရီမြို့မှအထွက်- လယ်တောင်ယာရွာ အကြားတွင် သြဂုတ် ၁၉ ရက် နံနက် ၁၁နာရီခွဲတွင် လမ်းမြေသား ကျွံကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့လမ်းမြေသားကျွံကျရာတွင် အများပိုင်ကုမ္ပဏီလမ်းလုပ်ငန်းအဖွဲ့ က တာဝန်ယူပြုလုပ်နေသောအဖွဲ့မှ ၁ဝ ဘီးကား ယာဉ်မောင်းမင်းထိုက် သည် မြေများသယ်ယူလာ၍ မြေချရန်ကားနောက်ဆုတ်နေစဉ် လမ်းမြေသား မှာ တဖြည်းဖြည်းချင်းကျွံကျသွားရာ ကားနှင့်အတူ ယာဉ်မောင်းပါရှိသွား သော်လည်း ကားမှာလဲကျတိမ်းမှောက်ခြင်းမရှိသဖြင့် ဒဏ်ရာရရှိခြင်း မရှိ ကြောင်း၊ ထို့အပြင် ၎င်းနေရာအနီး လူမရှိဘဲ ရပ်နားထားသော ၁ဝ ဘီး ကား(အဖြူ)သည်လည်း မြေကျွံကျရာ၌ ပါသွားခဲ့ကြောင်း သိရသည်။

ယင်းမြေကျွံကျမှုဖြစ်ရခြင်းမှာ လမ်းနံဘေးရှိတောင်ကြောမှ တောင်ကျမြေအောက်ရေထွက်ရှိနေသဖြင့် မြေသားအောက်တွင် ဂလိုင်အဖြစ် ရေ တိုက်စားနေမှုကြောင့်ဖြစ်ကြောင်း၊ မြေကျွံကျမှုခန့်မှန်းမှာ အလျားပေ ၃ဝဝ အကျယ်ပေ ၇ဝ ခန့်၊ အနက်ပေ ၄ဝ ခန့်နှင့် မြေကျင်းပေါင်း ၆ဝဝဝ ခန့် ရှိ မည်ဖြစ်ကြောင်း၊ မြေအက်ကြောင်းများ အနေအထားအရ ထပ်မံပြိုကျနိုင်ဖွယ်ရှိကြောင်း ခန့် မှန်းသိရသည်။

အဆိုပါ မြေကျွံကျရာနေရာ အနက်ပေ ၄ဝ ခန့်အတွင်း ကျဆင်းနေသည့် ဆယ်ဘီးမော်တော်ကားနှစ်စီး လမ်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် မြိတ်ခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှတာဝန်ရှိသူများနှင့် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်သူတို့ ဦးစီးလျက် မြေတူးစက်ဖြင့် လမ်းလွှဲတူးဖော်ပေးလျက် ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ အားဖြည့်ကူညီပေးကြသည်။

ထိုကဲ့သို့ မြေသားလမ်းတစ်ခြမ်း ကျွံကျမှုဖြစ်ပွားသော်လည်း မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းမြို့နှင့် တနင်္သာရီ-မောတောင်(နယ်စပ်) ခရီးသွားမော်တော်ယာဉ်များအတွက် လမ်းပြတ်တောက်မှု(လုံးဝ)မရှိကြောင်း၊ ယခင်သွားနေကျအတိုင်း လွယ်ကူစွာသွားလာ၍ ရကြောင်းသိရသည်။

လက်ရှိအခြေနေအရ မြေသားများ ထပ်မံကျွံကျနိုင်ဖွယ်ရှိသေးသဖြင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရန် လမ်းညွှန်ဆိုင်းဘုတ်များ၊ ညပိုင်းတွင် အချက်ပြမီးများ ထွန်းပေးထားမည်ဟု သိရရှိရသည်။

သတင်းနှင့်ဓာတ်ပုံ- နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)
Myanmaalinn
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template