ခရီးသည် ၅၄ ဦးတင်ဆောင်လာတဲ့ အင်ဒိုနီးရှားခရီးသည်တင်လေယာဉ်တစီးဟာ
နိုင်ငံအရှေ့ပိုင်း ပါပူအာပြည်နယ်တွင်းမှာ လေကြောင်းဆိုင်ရာဆက်သွယ်မှု
ပြတ်တောက်ပြီး သြဂုတ်လ ၁၆ ရက်နေ့လယ်မှာ ပျောက်ဆုံးခဲ့တယ်လို့
အမျိုးသားရှာဖွေကယ်ဆယ် ရေးအေဂျင်စီ(ဘာဆာနက်စ်)ကပြောပါတယ်။
“လေယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ” လို့ ဘာဆာနက်စ်ရဲ့ အကြီးအကဲ
ဘန်းဘန်ဆိုလီးစတိုင်ယိုက ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ဖြေကြားပါတယ်။
ဘာဆာနက်စ်ရဲ့ တရားဝင်တွစ်တာ အကောင့်စာမျက်နှာမှာ ဖော်ပြထားချက်အရ
ထရစ်ဂါနာ လေကြောင်းလိုင်းပိုင် အဲဒီလေယာဉ်မှာ အရွယ်ရောက်ပြီးသူ ခရီးသည် ၄၄
ဦး၊ လေယာဉ်အမှုထမ်း ၅ ဦးနဲ့ အရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ မွေးကင်းစ ၅ ဦး
ပါဝင်တယ်လို့ ဆိုပါတယ်။
အေတီအာရ် ၄၂-၃၀၀ အမျိုးအစား အဲဒီလေယာဉ်ဟာ
ပါပူဝါပြည်နယ်မြို့တော်ဂျေယပူရ်မြို့၊ ဆန်ထာနီလေဆိပ်နဲ့ အော့စ်ဘော်လ်လေ
ဆိပ်ကြားပျံသန်းစဉ်မှာ ခုလိုဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း အဲအေးရှားခရီးသည်တင် လေ
ကြောင်းလိုင်းဟာ အင်ဒိုနီးရှားနိုင်ငံ၊ဆူရာဘယမြို့မှ
စင်ကာပူနိုင်ငံသို့ပျံသန်းခဲ့ရာမှ လေ ယာဉ်ပျက်ကျပြီး လေယာဉ်ပေါ်ပါခရီးသည်
၁၆၂ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီလေယာဉ် ပျက်ကျမှုက အင်ဒိုနီးရှားအစိုးရကို
လုံခြုံစိတ်ချရတဲ့ခရီးသွားလာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို
မြှင့်တင်ဖို့လှုံ့ဆော်ခဲ့တာပါ။
ဇူလိုင်လအတွင်းက နိုင်ငံမြောက်ပိုင်းမှာ လေတပ်ထောက်ပံ့ရေးလေယာဉ်ပျက်
ကျပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီးနောက်မှာ
ဟောင်းနွမ်းအိုမင်းနေတဲ့တပ်သုံး လေယာဉ်တွေကို ပြန်လည်သုံးသပ်စစ်ဆေးဖို့
အင်ဒိုနီးရှားသမ္မတက ကတိပေးထားခဲ့တာပါ။
DVB