Headlines News :
Home » , » တနင်္သာရီတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၅ ဦး ရွေးကောက်ပွဲဝင်မည်

တနင်္သာရီတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၅ ဦး ရွေးကောက်ပွဲဝင်မည်

Written By Live100 on Sunday, August 16, 2015 | 7:08 PM

|Dawei Watch| ထားဝယ်၊ သြဂုတ် ၁၆

လာမည့်ရွေးကောက်ပွဲကို တနင်္သာရီတိုင်းဒေသကြီးမှ ၀င်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၅ ဦး ကျော်ရှိကြောင်း သက်ဆိုင်ရာ ပါတီများမှ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းစာရင်းများအရ သိရသည်။

လက်ရှိထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်း စာရင်းများအရ တိုင်းအတွင်း အင်န်အယ်လ်ဒီက ၄ ဦး၊ မွန်အမျိုးသားပါတီမှ ၃ ဦး၊ တ.စ.ည ပါတီက ၃ ဦး၊ ထားဝယ်တိုင်းရင်းသားများပါတီက ၂ ဦး၊ ကြံခိုင်ရေးပါတီက ၂ ဦး၊ အမျိုးသမီးပါတီ(မွန်)က တစ်ဦး စုစုပေါင်း ၁၅ ဦး ရှိလာပြီဖြစ်သည်။

“အခုလိုမျိုး အမျိုးသမီးတွေပါလာတာ ကောင်းတယ်။ ကြိုဆိုတယ်။ အမျိုးသမီးတွေက အတွေးအခေါ် အေးဆေးပြီး အမျိုးသားတွေ မတွေးနိုင်တဲ့ အတွေးမျိုးတွေကို တွေးနိုင်လိမ့်မယ်” ဟု ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း မွန်အမျိုးသားပါတီတွင် အမျိုးသမီး ကိုယ်စားလှယ် ၉ ဦးနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွင် ၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။



တိုင်းအတွင်း ၀င်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်


၁) ဒေါ်ခင်စန္ဒီ(အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) (လောင်းလုံး))

၂) ဒေါက်တာလဲ့လဲ့မော် (တိုင်းဒေသကြီးလွှတ်တော် သရက်ချောင်းမဲဆန္ဒနယ်(၁))

၃) ဒေါ်ရီရီချို ( တိုင်းဒေသကြီး မဲဆန္ဒနယ် မြိတ်မြို့နယ်)

၎) ဒေါ်တင်တင်ရီ ( ပြည်သူ့လွှတ်တော် ကျွန်းစုမဲဆန္ဒနယ်)

မွန်အမျိုးသားပါတီ


၁) မိမာမာအေး ( အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ( ရေဖြူမြို့နယ်))

၂) မိထွေးထွေးလွင် (တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ( ရေဖြူမြို့နယ်))

၃) မိပန်းရီ(တိုင်းဒေသကြီး မဲဆန္ဒနယ် ( ကော့သောင်းမြို့နယ်))

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ


၁) ဒေါ်နှင်းကြွေ (ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ ထားဝယ်မြို့နယ်)

၂) ဒေါ်ဆန်းဆန်းမူ ( အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၅၊ မြိတ်မြို့နယ်)

၃) ဒေါ်အေးတင် (တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁) တနင်္သာရီမြို့နယ်)



ထားဝယ်တိုင်းရင်းသားများပါတီ


၁) ဒေါ်မြင့်မြင့်သိန်း (ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ထားဝယ်မြို့နယ်)

၂) ဒေါ်သီတာမိုး (အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) (လောင်းလုံး))

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ


၁) ဒေါ်မြမြစိမ်း ( အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ထားဝယ်)

၂) နော်မေးဒြက်(ကရင်တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်)

အမျိုးသမီးပါတီ(မွန်)


၁) မိမြင့်သန်း (အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄) (ရေဖြူ))
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template