Headlines News :
Home » » အစွန်းရောက် ဆွန်နီမွတ်စလင်ဘာသာရေး ခေါင်းဆောင်ကို ဖမ်းမိပြီ

အစွန်းရောက် ဆွန်နီမွတ်စလင်ဘာသာရေး ခေါင်းဆောင်ကို ဖမ်းမိပြီ

Written By Live100 on Sunday, August 16, 2015 | 7:17 PM


လက်ဘနွန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ အလိုရှိနေတဲ့ အစွန်းရောက် ဆွန်နီမွတ်စလင်ဘာသာရေး ခေါင်းဆောင်တဦးကို သြဂုတ် ၁၅ ရက်နေ့က ဘေရွက်မြို့လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဘာသာရေးခေါင်းဆောင် ရှိတ်အဆားဟာ ၂၀၁၃ ခုနှစ်က သူ့ကိုထောက်ခံသူတွေနဲ့ လက်ဘနွန်တပ်ဖွဲ့ဝင်တွေရဲ့တိုက်ပွဲမှာ လက်ဘနွန်တပ်ဖွဲ့ဝင် ၁၇ ဦး ကျဆုံးခဲ့ပြီး နောက်ပိုင်း ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။

နိုင်ငံကူးလက်မှတ်အတုနဲ့ ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး အီဂျစ်နိုင်ငံကို ထွက်ခွာခါနီးမှာ သူ့ကိုဖမ်းဆီးရမိတာလို့ လက်ဘနွန် အာဏာပိုင်တွေကပြောဆိုပါတယ်။

အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ စစ်ဖြစ်ပွားနေချိန်မှာ ရှိတ် အဆားဟာ လက်ဘနွန်နိုင်ငံက ရှီယာနဲ့ ဆွန်နီမွတ်စလင်တွေကို ရန်လိုမုန်းတီးရေး အစွန်းရောက်တရားဟောနေသူလို့ ဒေသတွင်း နိုင်ငံရေးလေ့လာသူတွေက ပြောဆိုပါတယ်။

ဆီးရီးယားသမ္မတအာဆက်နဲ့အတူ ယှဉ်တွဲတိုက်ခိုက်နေတဲ့ ဟစ်ဘိုလာတပ်ဖွဲ့ ရန်ကနေ ဆွန်နီမွတ်စလင်တွေကို အကာအကွယ်ပေးနေသူလို့လည်း သူ့ကိုသူ ရုပ်မြင်သံကြား မေးမြန်းခန်းတွေမှာ အမြဲပြောဆိုသူဖြစ်ပါတယ်။

သူတိမ်းရှောင်နေတဲ့ ၂ နှစ်အတွင်းမှာလည်း ရှီယာမွတ်စလင်မုန်းတီးရေး ဗွီဒီယိုနဲ့ အသံထုတ်လွှင့်ချက်တွေကို ဆက်တိုက် ထုတ်လွှင့်နေခဲ့ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template