Headlines News :
Home » » စစ်ပွဲအတွက် အသင့်ပြင်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး

စစ်ပွဲအတွက် အသင့်ပြင်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး

Written By Live100 on Friday, August 21, 2015 | 12:00 PM


ရှေ့တန်းက တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အစိုးရ မီဒီယာကနေတဆင့် အမိန့်ပေးလိုက်ပါတယ်။
တောင်နဲ့ မြောက်ကိုရီးယားတို့ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့အပြီး အခုလို အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။
သြဂုတ် ၂၀ ရက် ကင်ဂျုံအန်း ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ အရေးပေါ် အစည်းအဝေးအပြီး အခုလို အမိန့်ပေးလိုက်တာလို့ မြောက်ကိုရီးယား သတင်းဌာန ကေစီအန်အေက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီကနေ စတင်ပြီး ကိုရီးယား လူထု တပ်မတော်က စစ်ဖြစ်တဲ့ အခြေအနေကို ရောက်နေပြီလို့ မှတ်ယူဖို့ ကင်ဂျုံအန်းက အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။
အံ့သြဖွယ် စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ တပ်ဖွဲ့တွေက အဆင်သင့် ဖြစ်သင့်ပြီလို့လည်း ဆိုပါတယ်။
သြဂုတ် ၂၀ ရက်က ၂ ဘက်တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကော်မရှင် အစည်းအဝေးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်က ပစ်ခတ်မှုကြောင့် တစုံတရာ ထိခိုက် ကျရှုံးမှု မရှိဘူးလို့လည်း ဆိုပါတယ်။
နယ်စပ်ဒေသမှာ တောင်ကိုရီးယားက လော်စပီကာနဲ့ ၀ါဒဖြန့်ချိနေတာကို ၄၈ နာရီအတွင်းမှာ ရပ်ဆိုင်းဖို့လည်း မြောက်ကိုရီးယားက ရာဇသံပေးထားပါတယ်။ ဒီရာဇသံဟာ သြဂုတ် ၂၂ ရက် ညနေ ၅ နာရီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားကတော့ ဒီခြိမ်းခြောက်မှုကို ငြင်းဆိုသွားပြီး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template