Headlines News :
Home » » မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ပါဝင်မှု မရှိ

မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ပါဝင်မှု မရှိ

Written By Live100 on Thursday, August 20, 2015 | 8:38 PM



 မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ ဖြေကြားခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း ) ဦးသန်းရွှေရဲ့အခန်းကဏ္ဍ ပြန်ပါလာပြီးဆိုပြီး ပြောဆိုနေကြတဲ့အပေါ် RFA က မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။

"ဟုတ်ပါသလားလို့မေးရင်တော့ ကျနော်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကပြောချင်တာ၊ ဗိုလ်ချုပ်မှူးကြီးက သူ့ဟာသူပဲ အေးဆေးနေတာပါ၊ ကျနော်တို့လည်း အခါကြီးရက်ကြီးတွေမှာ သွားပြုပြီးတော့ ဂါရဝပြုတာတွေရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်မတော်ရဲ့မိဘဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သွားရောက်ဂါရဝပြုတာတွေရှိပါတယ်၊ သူကတိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ ကျနော်တို့ တပ်မတော်ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲရှိတယ်၊ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့မပြောဘူး မရှိဘူး၊ နံပါတ် ၂ အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ သူမကြာခဏပြောပါတယ် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ဒီလောက်ပဲပြောပါတယ်၊ အခုအခြအနေမျိုးမှာလည်း ကျနော်တို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဘာမှမကြားပါဘူး၊ အစိုးရလည်း အစိုးရအလျောက် သူလုပ်နိုင်တဲ့ဟာတွေ လုပ်နေတာပေါ့၊ လွှတ်တော်လည်း လွှတ်တော်အလျောက် သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲက လုပ်နေတာဖြစ်ပါတယ်၊ ဘာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှမရှိပါဘူး"

ချင်းပြည်နယ် ဟားခါးမြို့က ဒေသခံတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေဟာ လမ်းတွေ ပျက်စီးကုန်တာကြောင့် ကလေးမြို့မှာ စုပုံနေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေတယ်လို့ ဟားခါးမြို့ကိုရောက်နေတဲ့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ကယ်ဆယ်ရေးပစည်းတွေကို ရဟတ်ယာဉ်တွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ သယ်ဆောင်ပေးလျက်ရှိကြောင်း အခုလို ပြောကြားသွားပါတယ်။

"အစီအစဉ်အရ အပြည့်လုပ်ပေးမယ်၊ ကျနော်က အပေါ်ကသယ်လို့ရတာလည်း အပေါ်ကသယ်ပေါ့၊ အရေးပေါ်လိုအပ်တဲ့ဟာတွေ အမြန်ပို့ရမယ့်ဟာတွေကျရင် ရဟတ်ယာဉ်နဲ့သယ်ပေါ့၊ အောက်ကသယ်ဖို့လိုလို့ရှိရင်လည်း အောက်ကနေသယ်ဖို့ ကားလမ်းနဲ့သယ်ဖို့လုပ်နေတာရှိပါတယ်၊ တပ်ကမတော်က ကားတွေနဲ့ရော လေယာဉ်ပျံနဲ့ရော ရဟတ်ယာဉ်နဲ့ရော ကျနော်ကအဲ့ဘက်မှာ အများကြီုးထုတ်ပြီးသုံးနေပါတယ်"

ဒါ့အပြင် လတ်တလောနိုင်ငံရေးအခြေအနေမှာ နိုင်ငံတော်အစိုးရဘက်ကနေ ရပ်တည်ပေးရမှာက လိုအပ်ချက်ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်မှုအောက်မှာ တပ်မတော်အကြီးအကဲတစ်ဦးအနေနဲ့ လိုက်နာပြီးဆောင်ရွက်ရ မှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template