Headlines News :
Home » , » တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် သဘောတူညီချက်အား နိုင်ငံတော်သမ္မတထံ ပေးအပ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် သဘောတူညီချက်အား နိုင်ငံတော်သမ္မတထံ ပေးအပ်

Written By Live100 on Wednesday, December 16, 2015 | 8:28 PM

Photo - MPC


ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ တတိယအကြိမ် စုံညီအစည်းဝေးတွင် အောင်မြင်စွာ အချောသတ်သဘောတူ ရေးဆွဲနိုင်ခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား နိုင်ငံတော်သမ္မတထံသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် နေပြည်တော် MICC2 ခန်းမ၌ ပေးအပ်ခဲ့သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား နိုင်ငံတော်သမ္မတထံ ပေးအပ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မိန့်ခွန်းပြောကြားခဲ့ပြီး၊ UPDJC ဥက္ကဌ၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ UPDJC လုပ်ငန်းဆောင်ရွက်မှုများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူညီချက်အား ပေးအပ်ခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတအပါအ၀င် အစိုးရ၊တပ်မတော်နှင့် လွှတ်တော်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ တာဝန်ရှိသူအသီးသီးမှ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အား အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ပါဝင်သည့် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ စသည့် ၁၆ ဦးကျစီပါဝင်သည့် အစုအဖွဲ့သုံးစုမှ ကိုယ်စားလှယ်များမှ ဆွေးနွေး သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ NCA ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့်အတွက် NCA Timeline အရ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေးမူဘောင်မူချောကို အပြီးသတ်ရေးဆွဲနိုင်ရမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့ မတိုင်မီတွင် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ တတိယအကြိမ် စုံညီအစည်းဝေးကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် နေပြည်တော် Horizon Lake View Hotel တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဒုတိယနေ့တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား အချောသတ်သဘောတူ ရေးဆွဲနိုင်ခဲ့သည်။

ယင်းနောက် သဘောတူညီပြီးဖြစ်သည့် အဆိုပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) က အတည်ပြုပေးနိုင်ခဲ့သည်။

ရရှိလာသည့် မူချောကို နိုင်ငံတော်သမ္မတမှ ၂၀၁၆ ဇန်နဝါရီ ၁၅ မတိုင်မီ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်သွားရမည်ဖြစ်မည်။

Myanmar Peace Center   http://www.myanmarpeace.org
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template