ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်ရှူးမြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် နိုင်ငံကိုယ်စားပြု လက်ရွေးစင် အသင်းများ ၏ လေးနိုင်ငံဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဖူဆယ် နှင့် သဲသောင်ပြင် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောသည်။
(ဆင်ဟွာ)