Headlines News :
Home » » မွန်နှင့် တနင်္သာရီတွင် ကလေးသူခိုး ကောလာဟလ ဂရက်ကြောင့် လူထု စိုးရိမ်မှု မြင့်လာ

မွန်နှင့် တနင်္သာရီတွင် ကလေးသူခိုး ကောလာဟလ ဂရက်ကြောင့် လူထု စိုးရိမ်မှု မြင့်လာ

Written By Live100 on Monday, December 14, 2015 | 9:22 AM


ကျွန်းစုမြို့နယ်ရှိ ပန်းဇင်ကျေးရွာအား တွေ့ရစဉ်
ဓာတ်ပုံ - ဇော်ဇော် / Dawei Watch

|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် တစ်စတစ်စ ကျယ်ပြန့်လာသည့် ကလေးခိုး ကောလာဟလသတင်းကြောင့် လူထု၏  စိုးရိမ်မှု မြင့်တက် လာပြီး တချို့နေရာများတွင် ထင်ယောင်ထင်မှား ဖြစ်မှုများ ဖြစ်ပေါ်လာကြောင်း သက်ဆိုင်ရာ ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် မြိတ်ခရိုင် မြိတ်၊ ကျွန်းစုနှင့် ပုလောမြို့နယ်တို့တွင် အဓိက ပြန်နှံ့ပြီး မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ မုဒုံစသည့် မြို့နယ် အချို့တွင် သတင်းပျံ့နှံ့ သည်ဟု အထက်ပါ ဒေသခံများထံမှ သိရသည်။
ကောလာဟလ ပျံ့နှံ့မှု များလာ အချိန်ကြာလာသည့်နှင့်အမျှ ဒေသခံများ၏ စိုးရိမ်မှု မြင့်တက်လာပြီး တချို့နေရာများတွင် ထင်ယောင်ထင်မှား ဖြစ်သည့် အဆင့်အထိ ရောက်လာခဲ့သည်။
“ကလေးကို အိမ်ပေါ်မှာ အိပ်ခိုင်းထားတုန်း ကမ်းနားဆိပ်မှာရှိတဲ့ ကူးတို့ဆိပ်ကို ခဏဆင်းသွားတာပါ၊ ခဏကြာတော့ အိမ်ထဲမှ ကလေးငိုသံကြားလို့ ပြန်သွားကြည့်တာ စစ်ဝတ်စုံနဲ့ အမည်မသိ အမျိုးသားတစ်ဦး ကလေးကို ချီနေတာ တွေ့တယ်၊ အိမ်နီးချင်းတွေကို ဝိုင်းအော်ပြီး အကူအညီတောင်းဖို့ လုပ်နေတုန်း အိမ်နောက်ဖေးကနေ တောအုပ်ထဲကို ထွက်ပြေးသွားလို့ လက်ပူးလက်ကြပ် မမိခဲ့ဘူး”ဟု ကျွန်းစုမြို့နယ် ညောင်ဘီးကျေးရွာနေ ဒေသခံတစ်ဦးဖြစ်သူ ကိုသန်းဦးက ပြောပြသည်။
အလားတူ ဖြစ်ရပ်မျိုး မြိတ်နှင့် ပုလောမြို့နယ်တို့တွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက် ကျေးရွာအနီး တောထွက်ကြီးကျေးရွာမှ မူလတန်းကျောင်းသား ၂ ဦး၊ ကျောင်းအလာ လမ်းခုလပ်တွင် အမျိုးသားတစ်ဦးက အတင်းလိုက်ဆွဲသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
ကလေးငယ်များက ကြောက်လန့် တကြား ထွက်ပြေးခဲ့ပြီး ကလေးများကို လိုက်ဆွဲသူအား အနီးအနားရှိ ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကာ နယ်မြေအုပ်ချုပ်ရေးမှူး ရုံးမှတဆင့် မြို့မရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရဲစခန်းမှ စစ်ဆေးချက်အရ မြိတ်အများပိုင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် မြိတ်အဝေးပြေးကားဝင်းတွင် ကားမောင်း နေသူ အလုပ်သမားတစ်ဦးဖြစ်သည့် အဆိုပါ အမျိုးသားသည် ကလေးငယ်များကို တမင်သက်သက် ခြောက်လန့်ခြင်း ဖြစ်ကြောင်း ထွက်ဆိုသဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဖမ်းဆီးပေးခဲ့သူများက ပြောသည်။
ထိုအပြင် ပုလောမြို့နယ် ကျောက်ကမ်းဖဲကျေးရွာတွင်လည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ကလေးငယ်များ ကျောင်းတက်ချိန်တွင် ကျောင်းဝင်းအထဲသို့ အကျီင်္အနက်ရောင် ဝတ်ဆင်ထားသည့် လူတစ်ဦး ရောက်လာခဲ့ကြောင်း သိရသည်။
“ကလေးတွေ နိုင်ငံတော်သီချင်းသီဆိုလို့ အပြီးမှာ ကျောင်းခန်းထဲမှာ ဝင်ထိုင်နေကြတုန်း ကျောင်းပြတင်းပေါက်နားကနေပြီး၊ အင်္ကျီအနက်ရောင်းဝတ်ထားတဲ့ အမျိုးသားတစ်ဦး ချောင်းနေတာ တွေ့ရတယ်၊ အဲဒီ လူလက်ထဲမှာလည်း သားရေကွင်းတွေ ဝတ်ထားတာတွေ့ရတယ်၊ နောက်ပြီး လက်တစ်ဖက်မှာလည်း အဖြူရောင် ဆေးဘူး (၁)ဘူးကို ဆုပ်ကိုင်ထားပါတယ်၊ ကလေးတွေက ကြောင့်လန့်ပြီးဝိုင်းအော်တော့ ဆရာမတွေက အနီးနားက လူတွေကို အကူအညီတောင်းတာ တောထဲကို ဝင်ပြေးသွားတယ်”ဟု  ပုလောမြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးနိုင်ဦးက ပြောသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင်လည်း ကလေးပျောက် ကောလာဟလသတင်းများကြောင့် စိုးရိပ်မှု မြင့်တက်နေချိန်တွင် ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီ ဝန်းကျင်က ကလေးသူခိုးအဖွဲ့ဟု စွပ်စွဲခံရသူများအား ဖမ်းဆီးခဲ့ပြီး စစ်ဆေးချက်အရ မဟုတ်ဟု သိရသဖြင့် ပြန်လွတ်ပေးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ပဲခူးတိုင်းမှ မုဒုံမြို့နယ် ကွမ်ကဗွီးကျေးတွင် စပါး လာရောက် ရိတ်သိမ်းကြသည့်အဖွဲ့တို့က နေရပ်ပြန်ရန် သံဖြူဇရပ် ဘူတာသို့ ရထားလမ်းအတိုင်း လျှောက်လာရာ ကလေးနှင့်တကွ ရထားအမီ ပြေးသွားနေသည်ကို မသင်္ကာဖြစ်ပွားရာမှ ဖမ်းဆီးခဲ့ပြီး စုံးစမ်းစစ်ဆေးကြည့်သည့်အခါ ၎င်းတို့သည် အမှန်တကယ် နေရပ်ပြန်သူများ ဖြစ်ကြောင်း တွေ့ရှိပြီးနောက် ပြန်လွှတ်ပေး ခဲ့ကြောင်း သံဖြူဇရပ်မြို့နယ်ရဲစခန်းတို့မှ သိရသည်။
သက်ဆိုင်ရာဌာနများမှ တညီတညွတ်တည်း ဖြေကြားသည်မှာ ကလေးခိုး ကောလာဟလများ လနှင့်ချီပြန့်နှံ့နေသော်လည်း လက်ရှိအချိန်အထိ ကလေးပျောက် တိုင်ကြားခြင်း မရှိသေးဟု သိရသည်။
“ရွာ ၂၀ ၊ ၃၀ လောက်ရှိပြီး လိုက်ရှင်းပြနေတာ၊ အခုလည်း ရှင်းပြနေတုန်းပဲ၊ ရွာတွေမှာ ဖုန်းနံပတ်တွေ ပေးထားတယ်။ မိရင် ချက်ခြင်းတိုင်ဖို့”ဟု ကျွန်းစုမြို့နယ် ရဲမှူး တင်ထွန်းအောင်က ဆိုသည်။
မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းကမူ ရပ်/ကျေးအုပ်ချူပ်ရေးမှူးများအား  သက်ဆိုင်ရာ ကျေးရွာအလိုက် စောင့်ကြည့်ရန်နှင့် လုံခြုံရေး ချထားရန် ညွှန်ကြားထားကြောင်း ပြောသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template