အမှိုက်ကောက်ခြင်း သည် အပေါ်ယံဟန်ပြလုပ်ခြင်း မဟုတ်ဘဲ အမှိုက်မပစ်ရန် ရည် ရွယ်၍ လှုံ့ဆော်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြား သည်။
‘‘အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ အမှိုက်ကောက်တယ်ဆိုတာ တကယ်ကြီး လမ်းကြီးသန့် ရှင်းသာယာသွားအောင်၊ ပြောင် စင်အောင်မကောက်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အမှိုက်ကောက်ပြတာဖြစ်ပေမယ့် အမှိုက်မပစ်ကြအောင် လှုံ့ဆော်မှု တစ်ရပ်လည်းဖြစ်ပါတယ်။’’ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်မှစ၍ နိုင်ငံတစ်ဝန်း အမှိုက် ကောက်ကြရန် ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ဒီချုပ်ပါတီ ဝင်များဦးဆောင်သည့် အမှိုက် ကောက် လှုပ်ရှားမှုအချို့ပြုလုပ်ခဲ့ သည်။
ယခင်က အစည်းအရုံးဝင်း အတွင်း၌သာ ဝန်ထမ်းများဖြင့် အမှိုက်ကောက်ရန် ရည်ရွယ်ခဲ့ သော်လည်း စိတ်ဝင်စားသည့် လောကသားများပါ ပူးပေါင်း ပါဝင်နိုင်ရန် ဒီဇင်ဘာ ၁၁ ရက် ညနေက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ စာရေး၍ တင်ခဲ့သည် ဟု ၎င်းက ဆိုသည်။
ရုပ်ရှင်အနုပညာရှင်များ အ မှိုက်ကောက်ခြင်းကို ဒီဇင်ဘာ ၁၂ ရက် နံနက်က ပြုလုပ်ခဲ့ခြင်းဖြစ် ပြီး လူမင်းနှင့်အတူ ခင်လှိုင်၊ ဒေါင်း၊ ညီထွဋ်ခေါင်၊ ကြည်ဖြူသျှင်၊ ပိုင်ဖြိုးသု၊ ရတနာဗို၊ လူရွှင်တော် အသင်းသားများအပါအဝင် အဆို တော်တူးတူး၊ အနဂ္ဂနှင့် သံသာဝင်းတို့လည်း ပါဝင်ခဲ့သည်။
‘‘ကိုယ်တို့ တကယ်အမှိုက် ကောက်တာလို့ ကိုယ်တို့သွားတဲ့ လမ်းကြောင်းတစ်လျှောက် အ ပေါ်ယံအမှိုက်လောက်ပဲကောက် နိုင်တာ။ သစ်ရွက်ခြောက်တွေ၊ မြက်ခြောက်တွေ မြောင်းပိတ်နေ တာတွေမှ မရှင်းနိုင်တာ။ ဘာ ကြောင့် ကောက်လဲ အပေါ်ယံ ဟန်ပြသက်သက်ပဲလားဆိုတော့ မဟုတ်ဘူး။ ကိုယ်တို့ရဲ့ ရည်ရွယ် ချက်က ပစ်တဲ့လူရှိလို့ ကောက်ရ တာ။ အမှိုက်ကောက်ပြတယ်ဆို တာ ကိုယ်ကိုယ်တိုင်လည်း ကောက်ဖို့၊ ကိုယ်ကိုယ်တိုင်လည်း အမှိုက်မပစ်ဖို့ကို ပိုပြီးလှုံ့ဆော်ချင် တာ’’ဟု ဦးလူမင်းက ပြောသည်။
ထို့အတူ ကြည်ဖြူသျှင်က လည်း အမှိုက်ကောက်ရသည့် အကြောင်းရင်းသည် ဒေါ်အောင် ဆန်းစုကြည်ပြောသည့်စကားကို လိုက်နာသည့်အနေဖြင့် ကောက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။
‘‘ကိုယ်တိုင်အမှိုက်ကောက် ရင်း ရလာတဲ့သတိတစ်ခုကတော့ ငါဘယ်တော့မှ အမှိုင်မပစ်တော့ ဘူးဆိုတဲ့ စိတ်ပါပဲ။ ကျွန်မအထင် တစ်လတစ်ကြိမ်တော့ အခုလိုပဲ စုပေါင်းအမှိုက်ကောက်တဲ့နေ့ သတ်မှတ်မှာပါ။ ဒီအခါ လူတိုင်း လူတိုင်းကို တစ်ကြိမ်လောက် တော့ ပူးပေါင်းပါဝင်ပြီး ကောက် စေချင်ပါတယ်။ တစ်ကြိမ်အမှိုက် ကောက်ခြင်းကနေ ရရှိလာတဲ့ အသိတရားက အရမ်းကို တန်ဖိုး ကြီးမားလို့ပါ’’ဟု ကြည်ဖြူသျှင် က ရေးသားထားသည်။
7Day