Headlines News :
Home » , » ကလေးမြို့နယ် ရေဘေးသင့် ဒေသများ အစိုးရ အကူအညီ မရသည့် ရွာကို ပရဟိတအဖွဲ့များ အကူအညီဖြင့် ရွှေ့ပြောင်း

ကလေးမြို့နယ် ရေဘေးသင့် ဒေသများ အစိုးရ အကူအညီ မရသည့် ရွာကို ပရဟိတအဖွဲ့များ အကူအညီဖြင့် ရွှေ့ပြောင်း

Written By Live100 on Tuesday, December 15, 2015 | 5:57 PM



စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ရေဘေးကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့် ရွာပေါင်း ၁၂ ရွာတွင် မပါဝင်သည့် အထဲရွာမှ အိမ်ထောင်စုများ ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် ကျေးရွာသစ် စတင်ပြောင်းရွှေ့ နေပြီဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ရွာကို ပြည်ထဲရေး စာရင်း မပေါက်ဘူးဆိုပြီး အစိုးရ အထောက်အပံ့ မရဘူး။ အရပ်ဘက် အဖွဲ့အစည်း အလှူရှင်တွေလှူလို့ အဆင်ပြေတာ။ကျွန်တော်တို့ ရွာသစ်ပြောင်းဖို့ အစောပိုင်းက မြေနေရာမရှိဘဲ လမ်းဘေးမှာ နေုကြရတာ။ နောက်မှ ကလေးလွင်ပြင် ရေဘေးကူညီထောက်ပံ့ရေးက အစစအရာရာ ကူညီလို့ မြေနေရာ ရတယ်။ ခုအိမ်တွေ ဆောက်ပေးမယ့် အလှူရှင်ပါရအောင် ကလေးလွင်ပြင်ကပဲ ကူညီပေးတာပါ” ဟု အထဲရွာတာဝန်ခံ ဦးထက်ရှားက ပြောသည်။

ရေဘေးသင့်ခဲ့သည့် ကလေးမြို့နယ် အတွင်းမှ ကျေးရွာများအနက် အိမ်ခြေ ၂၈ အိမ် ရှိသည့် ကလေးမြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စု၊ အထဲရွာကို အစိုးရအစီအစဉ်ဖြင့် ထောက်ပံ့သည့် ရေဘေးသင့် ပြန်လည် ထူထောင်ရေး အကူအညီကို ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

“ပြည်ထဲရေး စာရင်းမပေါက်လို့။ အထဲရွာက ပြည်ထဲရေး စာရင်းမပေါက်လို့ အိမ်ဆောက်ပေးတဲ့ စာရင်းထဲ မပါတာပါ။ အိမ်ဝင်းနေရာ မြေထိုးမြေညှိဖို့မြေထိုးစက် တော့ ကူညီပေးခဲ့ပါတယ်" ဟု ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဆိုသည်။

ကျေးရွာအဖြစ် ပြည်ထဲရေးတွင် စာရင်းတင်ရန်အတွက် အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၅၀ ရှိရန် လိုသည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“တကယ်တော့ ရေဘေးသင့် ပြည်သူတွေချင်း အတူတူ အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမှာပါ။ အထဲ ရွာသားတွေမှာ စားစရာ၊ နေစရာ မရှိဖြစ်နေလို့ကျွန်တော်တို့ ကလေးလွင်ပြင် ရေဘေး ကူညီ ထောက်ပံ့ရေးက မြေနေရာ အလှူရှင်တွေ၊ အိမ်ဆောက်ပေးမယ့် အလှူရှင်တွေရှာပြီးအကျိုးဆောင်နေတာပါ။ ခုဆို နေအိမ် ၂၈ လုံး ဆောက်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေရဲ့ ရေဘေးအလှူကိုရပါပြီ´လို့ ကလေးလွင်ပြင်က ဦးတင်ဇော်ညွှန့်က ပြောသည်။

အဆိုပါ ကျေးရွာမှ မိသားစုများ ပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် ကလေးမြို့မှ ရေဘေးသင့်များအား ကူညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည့်ကလေးလွင်ပြင် ရေဘေး ကူညီထောက်ပံ့ရေး အဖွဲ့က အဓိက ကူညီပေးနေခြင်းဖြစ်ပြီး တောဓလေ့ ချစ်သူများ အွန်လိုင်းဂရု၊ဒိန်းမတ်နိုင်ငံ ရောက် မြန်မာနိုင်ငံသားများ၊ မေတ္တာဝါဒီ ပရဟိတ အဖွဲ့နှင့် ပင်လုံဆေးရုံကြီး (ရန်ကုန်) တို့၏ စုပေါင်းအလှူဖြင့် ရွာအသစ် အတွက် မြေနေရာ ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွာသစ်အား ကလေး- တမူး ကားလမ်း အရှေ့ဘက်၊ လိုက်ကလေးတောင် ရွာသစ်၏ အရှေ့ဘက်တွင် နေရာချထားပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် အထဲရွာမှ အိမ်ထောင်စု များ စတင်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း သိရသည်။

( The Ladies News Journal )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template