Headlines News :
Home » » ဘိန်းထုတ်များမှု အစိုးရသစ် ဖြေရှင်း ဖို့ ကုလပြောကြား

ဘိန်းထုတ်များမှု အစိုးရသစ် ဖြေရှင်း ဖို့ ကုလပြောကြား

Written By Live100 on Wednesday, December 16, 2015 | 10:20 AM


ဘိန်းစိုက်ခင်းတစ်ခုမှ ဘိန်းပင်များကို တွေ့ရစဉ် Photo: Nay Thwae/ RFA

 မြန်မာနိုင်ငံမှာ ဘိန်းစိမ်းထုတ်လုပ်မှု ဆက်လက်မြင့်မားနေတဲ့ ပြသနာဖြေရှင်းရေး ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ UNODC က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ အခု ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာပြည်ကနေ ဘိန်းစိမ်း တန်ချိန် ၆၅ဝ ခန့်ထွက်မယ်လို့ ကုလက ခန့်မှန်းထားပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် အများဆုံးထွက်တဲ့ပမာဏဖြစ်ပါတယ်။ မြန်မာပြည်တဝှမ်း ဘိန်းစိုက်မြေ ပမာဏကတော့ မနှစ်ကနည်းတူ ဟက်တာ ၅ သောင်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။ ဘိန်းစိုက်တောင်သူတွေအနေနဲ့ တခြားအစားထိုးသီးနှံ စိုက်ပျိုးစရာလည်း မရှိဘူးလို့ ကုလအရာရှိတစ်ဦးကပြောပါ တယ်။ မြန်မာပြည်ဟာ ဘိန်းတင်မက Methamphetamine စိတ်ကြွဆေးဝါးလည်း အဓိကထုတ်လုပ်နေတဲ့ နိုင်ငံ တစ်ခုဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template