တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုအပြီး အထဲမှာပိတ်မိနေတဲ့ အလုပ်သမား
၁၉ ဦးအတွက် ရှင်သန်နိုင်တဲ့အခွင့်အရေး မရှိသလောက် နည်းတယ်လို့
ကယ်ဆယ်ရေးသမားတွေက ပြောကြောင်း အစိုးရမီဒီယာမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က
အစီရင်ခံပါတယ်။
တရုတ်အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ်မှာ ဒီဇင်ဘာ ၁၆ ရက်
မွန်းလွဲပိုင်းက တွင်းသား ၅၂ ဦး မြေအောက် ကျောက်မီးသွေးတွင်းထဲမှာ
အလုပ်လုပ်နေတုန်း ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
မတော်တဆဖြစ်အပြီး တွင်းသား ၃၃ ဦးက လွတ်ထွက်လာအောင် စီမံနိုင်ခဲ့ပါတယ်။
ပေါက်ကွဲမှုအပြီး မီးလောင်မှုဟာ မြေအောက်အပူချိန် ၁၀၀၀ ဒီဂရီ
စဲလ်စီးယပ်စ်ထိ မြင့်တက်ခဲ့တာကြောင့်ရော ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့
သိပ်သည်းဆကြောင့်ပါ ရှင်သန်ဖို့ မဖြစ်နိုင်သလောက် ဖြစ်လိမ့်မယ်လို့
စီစီတီဗွီက ပြောပါတယ်။
လတ်တလောမှာ မြေအောက် ဓာတ်ငွေ့သိပ်သည်းမှုက လူတွေ တချက်ရှူမိရင်တောင်
သေတဲ့အထိ မွန်းကျပ်သွားစေနိုင်တယ်လို့ ကယ်ဆယ်ရေး အရာရှိရုံး ပြောခွင့်ရက
ပြောပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုအရ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့တာပါ။
တရုတ်နိုင်ငံတွင်း ကျောက်မီးသွေးတွင်းတွေဟာ ဘေးကင်းမှုစံချိန် ညံ့ဖျင်းတာနဲ့
ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအတွက် စွမ်းအင်ဝယ်လိုအားကို
ပြည့်မီအောင် အမြန် လုပ်ဆောင်တာတွေကြောင့် ကမ္ဘာ့လူသေမှု အများဆုံးလည်း
ဖြစ်နေပါတယ်။
DVB