Headlines News :
Home » » ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ဆက်လက် တိုးမြှင့်သတ်မှတ်လျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၃၀၄ ကျပ်အထိ ရှိလာ

ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ဆက်လက် တိုးမြှင့်သတ်မှတ်လျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၃၀၄ ကျပ်အထိ ရှိလာ

Written By Live100 on Friday, December 18, 2015 | 7:28 AM


ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ဆက်လက်တိုးမြှင့် သတ်မှတ်လျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၃၀၄ ကျပ်အထိ ရှိလာကြောင်း သိရသည်။
 
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်းသည် ဒီဇင်ဘာ ပထမပတ် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀၊  ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်၊ ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်၊ ဒီဇင်ဘာ ၄ ရက် မှ ၈ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၉၅ ကျပ် သတ်မှတ်ထားပြီး ဒီဇင်ဘာ ဒုတိယပတ် ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်၊ ဒီဇင်ဘာ ၁၀ မှ ၁၅ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ဒီဇင်ဘာ ၁၆ ရက် ဗဟိုဘဏ်သတ်မှတ် တစ်ဒေါ်လာလဲနှုန်းသည် ၁၃၀၁ ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ ၁၃၀၄ ကျပ်သို့ တစ်ရက်လျှင် နှစ်ကျပ်နှုန်းဖြင့် သုံးရက်အတွင်း ခြောက်ကျပ် တိုးမြှင့်သတ်မှတ်ခဲ့သည်။
 
ဒီဇင်ဘာ ၁၇ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၀၄ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းကို ရောင်းချခဲ့သည်။
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက်များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ငါးလအကြာ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၄ ကျပ်အထိ ၁၀၄ ကျပ် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
 
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းနှင့် အတူ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ လိုက်ပါမြင့်တက်ခဲ့ပြီး ဒီဇင်ဘာ၁၇ ရက်တွင် သိသာစွာ ငွေလဲနှုန်းပြောင်းလဲခြင်းမရှိဘဲ ရောင်းဈေး ၁၃၀၃ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၁၃၀၆ ကျပ် ၀န်းကျင်တွင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းမှ သိရသည်။
 
ဒီဇင်ဘာ ၁၇ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၄  ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၃၀၆ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၁၃၀၃ ကျပ် ၀န်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၅ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၁၉ ကျပ်ဝန်း ကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ကျပ် ၁၄၂၀  ၀န်းကျင်၊ ၀ယ်ဈေး ကျပ် ၁၄၁၀ ၀န်းကျင်တွင် ရှိနေသည်။  ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများ၌ တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၁၂ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၁၂၉၇ ကျပ် ၀န်းကျင်ရှိခဲ့သည်။ 
 
Writer: 
အောင်မြတ်ကို EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template