Headlines News :
Home » , » ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကို ကိုယ်စားလှယ်ဦးရေ ၇ဝဝ တက် ဖို့ UPDJC ဆုံးဖြတ်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကို ကိုယ်စားလှယ်ဦးရေ ၇ဝဝ တက် ဖို့ UPDJC ဆုံးဖြတ်

Written By Live100 on Wednesday, December 16, 2015 | 9:45 AM

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View Hotel မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပစဉ်
Photo:Myo Thant Khaing/RFA

လာမယ့်နှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မတိုင်ခင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီတွေရဲ့ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၇၀၀ တက်ရောက်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ဒီနေ့ အတည်ပြု ဆုံးဖြတ်နိုင် ခဲ့တယ်လို့သိရပါတယ်။
နေပြည်တော် Horizon Lake View Hotel မှာ နှစ်ရက်ကြာ ကျင်းပပြီးနောက် အတည်ပြုဆွေးနွေးနိုင်ခဲ့တာဖြစ်တယ် လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"အစိုးရနဲ့ လွှတ်တော်က ၁၅ဝ ကိုကျနော်တို့ လက်ခံတယ်၊ နောက်ပြီးတော့ တပ်မတော်ကလည်း ၁၅ဝ၊ တိုင်းရင်း သားလက်နက်ကိုင်ကလဲ ၁၅ဝ၊ နိုင်ငံရေး ပါတီက ၁၅ဝနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ၅ဝနဲ့ အခြားဖိတ်ကြား ထားတဲ့ ၅ဝ ကို နောက်ဆုံးအားလုံးကတော့ ကျနော်တို့အတည်ပြုလို့ရတယ်၊ အယူအဆ မျိုးစုံရှိတဲ့အတွက် နောက် ဆုံးညှိနှိုင်းတာကိုတော့ ဆရာဦးဥာဏ်ဝင်းတို့ဖက်နေ ဆွေးနွေးပေးတဲ့အတွက် အားလုံးကတော့ သဘောတူတဲ့ အနေအထားပါပဲ"
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ UPDJC အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး မနက်ဖြန် နိုင်ငံတော်သမ္မတထံ ပေးအပ်မှာဖြစ် တယ်လို့လည်း သိရပါတယ်။
နိုင်ငံတော်သမ္မတထံကနေ ပြန်လည်ရရှိလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူချောအတိုင်း လာမယ့်နှစ် ဇန်န၀ါရီလ ၁၅ရက်နေ့ မတိုင်ခင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေကို ကျင်းပရမှာဖြစ်ပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template