Headlines News :
Home » » သာသနာ ညှိုးနွမ်းစေမှု၊ သစ်မှုနှင့် ကျောက်မျက်မှုတို့ဖြင့် တရားစွဲဆို ခံထားရသော ရေပူကျောင်း ဆရာတော်အား ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဒေါ်သီတာမျိုးသန့်က သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ) ဖြင့် စွဲချက်တင် အမိန့်ချ

သာသနာ ညှိုးနွမ်းစေမှု၊ သစ်မှုနှင့် ကျောက်မျက်မှုတို့ဖြင့် တရားစွဲဆို ခံထားရသော ရေပူကျောင်း ဆရာတော်အား ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဒေါ်သီတာမျိုးသန့်က သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ) ဖြင့် စွဲချက်တင် အမိန့်ချ

Written By Live100 on Wednesday, December 16, 2015 | 9:57 PM

ဒီဇင်ဘာ ၁၆ ရက် ရုံးချိန်းတွင် သစ်တော ဥပဒေပုဒ်မ ၄၂ (ခ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခံခဲ့ရသော ရေပူဆရာတော်က ရှင်းလင်းဖြေကြားနေစဉ် (ဓာတ်ပုံ-အောင်သူ)

သစ်မှု၊ သာသနာ ညှိုးနွမ်းစေမှုနှင့် ကျောက်မျက်မှုတို့ဖြင့် တရားစွဲဆို ဖမ်းဆီး ထိန်းသိမ်းခံထားရသော မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ) ဖြင့် ပြင်ဦးလွင်မြို့နယ် တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်သီတာမျိုးသန့်က ဒီဇင်ဘာ ၁၆ ရက်တွင် စွဲချက်တင် အမိန့်ချလိုက်ကြောင်း သိရသည်။

ယင်းပုဒ်မ သုံးခုဖြင့် တရားရင်ဆိုင်နေရသော ရေပူကျောင်း ဆရာတော်အား ဒီဇင်ဘာ ၁၆ ရက်က ကျောက်မျက်မှုနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ စစ်ဆေးမှု တစ်စုံတစ်ရာ မရှိဘဲ ရုံးချိန်းရက်ယူရုံသာ ပြုလုပ်ခဲ့ပြီး သစ်တောမှုနှင့် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မများအတွက် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ ရေပူဆရာတော်ကို မြို့နယ် တရားသူကြီးက သစ်မှုနှင့် စွဲချက်တင် အမိန့်ချခဲ့သည်။
မြို့နယ် တရားသူကြီးမှ စွဲချက်တင် အမိန့်ချလိုက်ကြောင်း ပြောကြားခြင်းနှင့် အတူ အပြစ်ရှိသလား၊ အပြစ်မရှိဘူးလားဟု ရေပူဆရာတော်ကို မေးမြန်းရာ ဆရာတော်က “လုံးဝ အပြစ်မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဆရာတော်က သစ်မှုနှင့် ပတ်သက်၍ စစ်ဆေးပြီးခဲ့သော တရားလိုပြ သက်သေများအနက် မိုးကုတ်မြို့နယ် သစ်တောဦးစီး ဦးအောင်လွင်နှင့် မြို့နယ်ဒုရဲမှူး ဦးသိန်းဝင်းတို့အား ပြန်ခေါ်သက်သေအဖြစ် ပြန်လည် စစ်ဆေးခွင့်ပြုရန် တရားရုံးတော်သို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

“သစ်မှုနဲ့ ဆရာတော်ကို တရားရုံးတော်က အပြစ်ရှိတယ်လို့ စွဲချက်တင်တဲ့အပေါ် ဆရာတော် အနေနဲ့ အပြစ်မရှိဘူးဆိုတဲ့ အကြောင်း ပြန်လည်ခုခံ ချေပသွားမယ့် အခြေအနေကို ရောက်နေပါပြီ။ သာသနာ ညှိုးနွမ်းစေမှုကို အမှုတွဲ ချေဖျက်ပေးဖို့နဲ့ ကျောက်မျက်မှု ရုံးပြောင်းစစ်ဆေးဖို့ကို မန္တလေးတိုင်း တရားလွှတ်တော်မှာ တင်ပြထားမှုကလည်း နှစ်ဖက်ကြားနာဖို့ပဲ ကျန်တော့တယ်” ဟု ရေပူဆရာတော်၏ အကျိုးတော်ဆောင် တရားလွှတ်တော် ရှေ့နေ ဒေါ်မြနီလာစိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်သည် ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီ ဘုရားများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီတစ်ဆူ တည်ထားကိုးကွယ်ရန် မြေညှိရှင်းလင်းခြင်းတို့ ဆောင်ရွက်ရာမှ တရားမ၀င် ကျောက်မျက်တူးဖော်သည်ဟုဆိုကာ ကျောက်မျက်ဌာနမှ အမှုဖွင့် တရားစွဲဆိုခဲ့ပြီး သာသနာ ညှိုးနွမ်းစေသည်ဟုဆိုကာ စေတီဟောင်းများ၏ အလှူ ရှင်ဟု ဆိုသူ ဦးဖေစိန်မှ တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှု နှစ်ခုအပြင် ဆရာတော်၏ ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ၀ယ်ယူ စုဆောင်းထားသည့် သစ်များနှင့် ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေ ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက် ရုံးချိန်းတွင် သစ်တောဥပဒေပုဒ်မ ၄၂ (ခ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခံခဲ့ရသော ရေပူဆရာတော်ကို တွေ့ရစဉ်  (ဓာတ်ပုံ-အောင်သူ)
အဆိုပါ အမှုသုံးခုဖြင့် ဇွန် ၉ ရက် ညပိုင်းက ဆရာတော်အား လူဝတ်လဲ၍ ၀င်ရောက် ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပတ်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိရာ ဆရာတော် အနေဖြင့် တရားရင်ဆိုင်ခဲ့ရသည်မှာ ခြောက်လတာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ စေတီဟောင်းများ ရှင်းလင်းရာတွင် အသုံးပြုသည့် စက်ယန္တရားမောင်းသူ အရပ်သား လေးဦးမှာလည်း ဆရာတော်နှင့်အတူ သာသနာညိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုတို့ဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။

ရေပူကျောင်း ဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ စတင်ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ယင်းနောက် ကျောက်မျက် ဥပဒေနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် သာသနာ ညှိုနွမ်းစေမှုတို့ကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် လည်းကောင်း နှစ်ရုံးခွဲကာ ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စွဲဆိုထားသည့် ပုဒ်မသုံးခုအနက် ကျောက်မျက်မှုနှင့် ပတ်သက်၍ လာမည့် ဒီဇင်ဘာ ၃၀ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံး၌ ဆက်လက်ရုံးထုတ်သွားမည်ဖြစ်ပြီး သစ်မှုနှင့် သာသနာ ညှိုးနွမ်းစေမှုအတွက် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၂၃ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ရေပူကျောင်း ဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အချိန်ထိ မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template