Headlines News :
Home » » ဖားကန့်ဒေသတွင် ကျောက်စိမ်းတူး လုပ်ကွက်ယာဉ်များ သွားလာမှု ဆန္ဒပြသူများကို ကေအိုင်အေ/ကေအိုင်အိုမှ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းများထွက်ပေါ်

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူး လုပ်ကွက်ယာဉ်များ သွားလာမှု ဆန္ဒပြသူများကို ကေအိုင်အေ/ကေအိုင်အိုမှ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းများထွက်ပေါ်

Written By Live100 on Friday, December 18, 2015 | 7:25 AM


ပြည်သူပိုင်လမ်းပေါ်တွင် ကျောက်မျက် ကုမ္ပဏီများ၏ မြေသယ်ကားများ သွားလာနေခြင်းအပေါ် ဖားကန့် ဒေသခံများ ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေစဉ်
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူး လုပ်ကွက်ယာဉ်များ သွားလာမှု ဆန္ဒပြသူများကို ကေအိုင်အေ/ကေအိုအိုမှ ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ 
 
ဖားကန့်ဒေသတွင် ရွေးကောက်ပွဲပြီးနောက်ပိုင်း လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းအတွင်း ဖားကန့်ဒေသတွင် မြေသယ်ကားကြီးများ၊ စက်အင်အား ယန္တရားများ အဆမတန် တိုးချဲ့မှု၊ အရှိန်အဟုန်ဖြင့် ကျောက်စိမ်းတူဖော်မှု၊ ကျောက်စိမ်းတူးဖော်မှု လုပ်ကွက်နှင့် ကျေးရွာရပ်ကွက်များအတွင်း ယာဉ်များဝင်ရောက်မှုအပေါ် ဒေသခံများက တားဆီးကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်းများ ပေါ်ပေါက်ခဲ့သည်။ ယင်းကဲ့သို့ ဖားကန့်ဒေသသို့ ယာဉ်ကြီးများ အများအပြား ၀င်ရောက်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်မှုများအပေါ် ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်မှု ပြုလုပ်ပြီးနောက် ၄င်းတို့ကို ကေအိုင်အေ/ကေအိုင်အိုမှ ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။
 
သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က '' ဖမ်းဆီးသွားတာ မဟုတ်ဘူး။ ကေအိုင်အေနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ စုံစမ်းချက်အရ ဘာသာရေးအစည်းအဝေး သွားကြတာပါ။ ဘာသာရေးက နယ်အလိုက် ခွဲထားတော့ ဘာသာရေးအချင်းချင်းပဲ ခေါ်တာပါ။ ဘာအတွက်ဆိုတာတော့ မသိပါဘူး။ ကေအိုင်အိုက ဓမ္မဆရာတွေလည်း ပါနိုင်တော့ ကေအိုင်အေက ဖမ်းတယ်ဆိုပြီး အထင်မှားကြတာဖြစ်မှာပါ။ ဆန္ဒပြသူတွေသာမက တခြားသူတွေလည်း ပါပါတယ်။ လူဘယ်လောက်လဲ ဆိုတာလည်း မသိသေးဘူး။ကျွန်တော်တို့လည်း ဒီမနက်မှ သိရတာပါ။ အိမ်ပြန်ရောက်ပြီလား မရောက်သေးဘူးလားဆိုတာ မကြားမိသေးပါဘူး။ ဆန္ဒပြတဲ့ကိစ္စတွေနဲ့ ဆွေးနွေးကြပြီး ဘယ်လို ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်ဆိုတာလည်း ပါနိုင်တာပေါ့''ဟု ပြောကြားသည်။
 
ယင်းသတင်း အချက်အလက်များနှင့် ပတ်သက်ပြီး ကေအိုင်အို/ကေအိုင်အေအဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မှု့မရရှိခဲ့ပေ။ ဖားကန့်မြို့မရဲစခန်းနှင့် မြိုနယ်ရဲတပ်ဖွဲ့များက ယင်းသတင်း အချက်အလက်များကို ကြားသိထားခြင်း မရှိသေးကြောင်း ဖြေကြားသည်။ ယင်းဖြစ်စဉ်အား ဝေခါကျေးရွာဒေသခံများသို့ ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြုပြောကြားနိုင်သူ မရှိသေးသည်ကို တွေ့ရသည်။ ထို့ပြင် ဖားကန့်ဒေသ နှစ်ခြင်းအသင်းတော်များ၏ အကြီးအကဲ
ဦးဘီတူဂျာအား ဆက်သွယ်မေးမြန်းသော်လည်း ယင်းမှာ ခရီးလွန်နေပြီး ကြားသိရသေးခြင်း မရှိကြောင်း ပြောကြားသည်။
 
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးသည့် ကုမ္ပဏီကား မြေသယ်ကားကြီးများ ကျေးရွာအတွင်းနှင့် မြို့တွင်းလမ်းများပေါ်တွင် ၂၄ နာရီပတ်လုံး ဖြတ်သန်းနေမှုကြောင့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ကျေးရွာရပ်ကွက်အတွင်း ဖြတ်သန်းခြင်းမပြုရေးအတွက်
ကချင်မျိုးနွယ်စု အများစုပါဝင်သည့်အဖွဲ့များက လမ်းပိတ်ဆန္ဒပြမှု့များ ဖားကန့်ဒေသအချို့တွင် ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း မြေသယ်ယာဉ်တိုက်မှု့ကြောင့် သေဆုံးသူ အရေအတွက်မှာလည်း ခုနှစ်ဦးအထိ ရှိလာကြောင်း သိရသည်။
 
ဖားကန့်ဒေသတွင် ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလတွင် စက်အင်အားယန္တရားများ အဆမတန် တိုးချဲ့မှု့များ မြေစာပုံပြိုကျ သေဆုံးမှု့များ ရှိနေသည့်အတွက် ဒေသခံများက ၀ိုင်းဝန်းကန့်မှု့များ ၊ဆန္ဒဖော်ထုတ်မှု့များ ဖြစ်ပေါ်ခဲ့သည်။ ခွင့်ပြုမြေစာပုံ ၁၁ ပုံအနက် ငါးပုံမှာ အန္တရာယ်ဖြစ်နိုင်သော အနေအထားတွင်ရှိကြောင်း လေ့လာကွင်းဆင်းသည့် အစိုးရနှင့် ရပ်မိရပ်ဖ ပူးပေါင်းအဖွဲ့က ပြောကြားထားသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template