Headlines News :
Home » » စစ်တပ်ဘက်မှ ဒု-သမ္မတလောင်း သတင်းထွက်သူများကို ကမ်းလှမ်းထားခြင်း မရှိသေးဟု ဆို

စစ်တပ်ဘက်မှ ဒု-သမ္မတလောင်း သတင်းထွက်သူများကို ကမ်းလှမ်းထားခြင်း မရှိသေးဟု ဆို

Written By Live100 on Tuesday, March 8, 2016 | 3:03 PM

ကိုကိုးကျွန်း မဲဆန္ဒနယ်မှ အနိုင်ရခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေ

နိုင်ငံရေးလေ့လာသူတွေက ခန့်မှန်းထားကြတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဘက်က တင်သွင်းမယ့် ဒု-သမ္မတလောင်းအဖြစ် သတင်းထွက်ပေါ်နေသူတွေက လက်ရှိအချိန်ထိ သူတို့ကို ကမ်းလှမ်းထားတာ မရှိသေးဘူးလို့ ဒု-ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ပြောကြားခဲ့ပါတယ်။
“ခန့်မှန်းမှုတွေအတိုင်းသာ လိုက်ပြောနေမယ်ဆိုရင်တော့ ပြောတဲ့သူက မကောင်းဘူးလေ။ ကမ်းလှမ်းမှုလည်း မရှိသေးဘူး၊ အမှန်းနဲ့ပြောတာကို ပြန်ပြောလို့လည်း မဖြစ်ဘူးလေ” လို့ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဒု-ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ပြောကြားခဲ့တာပါ။
ဇေယျာသီရိ မဲဆန္ဒနယ်မြေမှ အနိုင်ရရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း (ငြိမ်း) နဲ့ ကိုကိုးကျွန်း မဲဆန္ဒနယ်မှ အနိုင်ရခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ကို တပ်မတော်သားတွေဘက်က တင်သွင်းမယ့် ဒု-သမ္မတလောင်းတွေအဖြစ် သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒု-သမ္မတလောင်း အမည်စာရင်းတင်သွင်းမယ့် ၂ ရက်အလိုအထိ ကမ်းလှမ်းထားခြင်း မရှိသေးဘဲ ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားအတွက် ဆောင်ရွက်သွားကြမယ်လို့ ဒု-သမ္မတလောင်းတွေအဖြစ် သတင်းတွေ ထွက်သူ နှစ်ဦးစလုံးက ဖြေကြားခဲ့ကြပါတယ်။
သတင်း – ကိုလတ်
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template