၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲပြိုင်မယ့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် အပြီးသတ် လူရွေးပြီးသွားပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၉ ရက်မှာ လက်ဘနွန်အသင်းနဲ့ အဝေးကွင်းကစားရမယ့် ခြေစစ်ပွဲအတွက် ရွေးချယ်ထားတဲ့ ဘောလုံးသမားတွေထဲမှာ ကမ္ဘာ့ဖလား ယူ ၁၉ ဘောလုံးအသင်းက ကစားသမား အများစု ပါဝင်ပါတယ်။
ရွေးချယ်ထားတဲ့ ဘောလုံးသမားတွေထဲမှာ ဂိုး-ကျော်ဇင်ဖြိုး၊ နောက်တန်း-ကျော်ဇင်လွင်၊ နန္ဒကျော်၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း-ရဲကိုဦး၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ သက်နိုင်၊ ရှေ့တန်း-အောင်သူ၊ သန်းပိုင်၊ ကျော်ကိုကို စတဲ့ ကစာသမားတွေ ပါဝင်ပါတယ်။