Headlines News :
Home » » များမကြာမီက တွေ့ရှိခဲ့သည့် ရှေးဟောင်း ထားဝယ်ဒဂါင်္းများ သံတွဲတွင် ပြသ

များမကြာမီက တွေ့ရှိခဲ့သည့် ရှေးဟောင်း ထားဝယ်ဒဂါင်္းများ သံတွဲတွင် ပြသ

Written By Live100 on Monday, March 7, 2016 | 9:13 PM



ရခိုင်ပြည်နယ် သံတွဲမြို့နယ်ခန်းမတွင် တိရစ္ဆာန် အရုပ်ဖောင်းကြွ တံဆိပ်ပါ ရှေးဟောင်း ထားဝယ်ဒင်္ဂါး တို့ကို ပြသခဲ့သည်ဟု သတင်း ရရှိသည်။

ပြသထားသော ဒင်္ဂါးအမျိုးအစား (၄) မျိုး ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခင်က မတွေ့ရှိဖူးသော ဒင်္ဂါး အမျိုးအစားများ ဖြစ်ကြောင်း
ရှေးဟောင်း သုတေသနညွှန်ကြားရေးမှုး ဦးဘုန်းကျော်က ပြောသည်ဟု ဆိုသည်။

“ မြန်မာနိုင်ငံမှာ ရှေးဟောင်း ဒင်္ဂါး အမျိုးအစား ၁၃၀ ကျော်ရှိတဲ့ အထဲမှာ ဒီဒင်္ဂါးမျိုးတွေကို မတွေ့ ရသေးဘူးလို့ ဆရာ ဦးဘုန်းကျော်က ပြောပါတယ်”
ဟု ဒင်္ဂါးများကို ဓာတ်ပုံရိုက်ပြီး ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှုး ဦးဘုန်းကျော်အား ပြသခဲ့သူ
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောသည်။

၎င်းရှေးဟောင်း ဒင်္ဂါးများကို သံတွဲမြို့ အမှတ် (၇) ဂျိတ္တော ရပ်ကွက်နေ ဦးလှိုင်ကိုဦး မှ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင်
 ပိန်းတောကြီး ကျေးရွာအုပ်စု ညောင်ရွှေ ကျေးရွာ အနူမ တံတား ထိပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မတ်လ (၁) ရက်နေ့တွင် ခရိုင် ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ရှေးဟောင်း ဒင်္ဂါးပြားများအား သံတွဲခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုးလက်သို့
 ဦးလှိုင်ကိုဦးမှ လွဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

 မေဇော်ကို (သံတွဲ) နိရဉ္စရာ မှ

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template