Headlines News :
Home » » တပ်မတော်လေယာဉ်တစီး ပြေးလမ်းကျော်ပြီး လမ်းမီးတိုင်များကို ၀င်တိုက်

တပ်မတော်လေယာဉ်တစီး ပြေးလမ်းကျော်ပြီး လမ်းမီးတိုင်များကို ၀င်တိုက်

Written By Live100 on Tuesday, March 8, 2016 | 9:24 AM

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်။

တပ်မတော်လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းလေ့ကျင့်ခန်း ဆောင်ရွက်ဖို့ တောင်ငူလေတပ်စခန်းဌာနချုပ်ကနေ နေပြည်တော်ကို ပြောင်းရွှေ့ရာမှာ မတ်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က လေယာဉ်တစီး ပြေးလမ်းမီးတိုင်တွေကို တိုက်မိပြီး ရပ်တန့်ခဲ့ပါတယ်။
တပ်မတော် လေယာဉ်တစီးဟာ နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်းကို တောင်ဘက်ကနေ မြောက်ဘက်အတိုင်း ဆင်းနေစဉ် စက်မှုဆိုင်ရာ ချွတ်ယွင်းမှုကြောင့် အရှိန်ထိန်း လေထီးကြိုး ပြုတ်ထွက်ပြီး ပြေးလမ်းကနေ ပေ ၃၀၀ ကျော် ထွက်သွားပြီး မီးတိုင် ၃ တိုင်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပြေးလမ်း အရှိန်လွန်တာကြောင့် လေသူရဲ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ လေယာဉ်ရဲ့ ဘီးတွေ၊ ဆီတိုင်ကီနဲ့ လေယာဉ်ဦးပိုင်းတို့ ပျက်စီးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template