ဒီနေ့ကျင်းပတဲ့ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒုသမ္မတလောင်း ၄ ဦး အမည်စာရင်း တင်သွင်းလိုက်တဲ့အပေါ် သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ကြိုဆိုလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်အောင်မြင့်တို့ကို အဆိုပြု တင်သွင်းခဲ့တာဖြစ်ပါတယ်။
DVB