အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို
အဓိကဆွေးနွေး မည့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
ရှစ်ဖွဲ့၏ ထိပ်သီးအစည်းအဝေးကို မတ်လနောက်ဆုံးပတ်တွင် ချင်း မိုင်မြို့၌
ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါထိပ်သီးအစည်းအ ဝေးကို သုံးရက်ကြာပြုလုပ်ရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီချက် (NCA)ကို သုံးသပ်ခြင်း နှင့် အစိုးရသစ်နှင့် မည်သို့ပူး ပေါင်းဆောင်ရွက်မည်ဆိုသည့် ကိစ္စများကို အဓိကဆွေးနွေးကြ မည်ဟု တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကိုယ်စားလှယ်အချို့က ပြောသည်။
‘‘ကျွန်တော်တို့ကို ပြောထား တာက ဒီလထဲမှာ လုပ်ကြမယ် ပေါ့။ ဆွေးနွေးကြမယ်။ အဲဒီလို သိထားပါတယ်’’ဟု ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလှက ဆိုသည်။
NCA ကို အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ RCSS/SSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ယမန်နှစ် အောက်တိုဘာက ရေး ထိုးခဲ့ခြင်းဖြစ်သည်။
7Day