Headlines News :
Home » » စားသုံးရန်မသင့်ဟု FDAမှ တားမြစ်ထားသည့် ထိုင်းစာပါအချဉ်ရည် ထားဝယ်တွင် ရောင်းဝယ်သုံးစွဲနေဆဲ

စားသုံးရန်မသင့်ဟု FDAမှ တားမြစ်ထားသည့် ထိုင်းစာပါအချဉ်ရည် ထားဝယ်တွင် ရောင်းဝယ်သုံးစွဲနေဆဲ

Written By Live100 on Monday, March 7, 2016 | 11:06 PM


Dawei Watch ၊ ထားဝယ်၊ မတ် ၇
စားသုံးရန်မသင့်ဟု မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (FDA) က တားမြစ်ထားသည့် အပြာရောင်တံဆိပ်တွင် ထိုင်းစာပါ အချဉ်ရည်ကို ထားဝယ်ဒေသတွင် ရောင်းဝယ်သုံးစွဲနေကြဆဲဖြစ်သည်။
စားသုံးရန်မသင့်သည့် အစားအသောက်ဖြစ် ထုတ်ပြန်ကြေညာထားခဲ့သော ထိုင်းနိုင်ငံထုတ် ယင်းအချဉ်ရည်ကို ထားဝယ်ဒေသရှိ စားသောက်ဆိုင်အချို့နှင့် ထားဝယ်စည်ပင်သာယာဈေးကြီးအတွင်း ရောင်းဝယ်သုံးစွဲမှုများရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ နယ်ဖက်မှပြည်သူများ သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသင့်သည်ဟု ထားဝယ်မြို့ခံ ဒေါ်ခင်ချို ကဆိုသည်။
“နယ်ဖက်ကလူတွေက မသိသေးတော့ ၀ယ်ယူစားသုံးမှုတွေ ရှိနေဆဲပဲ”ဟု ဒေါ်ခင်ချို ကပြောသည်။
သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် စားသုံးရန်မသင့်သည့် အစားအစာများစာရင်းတွင် မည်သည့်အမှတ်တံဆိပ်များ ပါဝင်သည်ကို မသိရှိသကဲ့သို့ စားမိရင် အန္တာရာယ်ရှိ/မရှိကိုလည်း မသိရှိကြောင်း ၀ဲကျွန်းရပ်ကွက်မှ ဒေါ်လှညွန့် ကဆိုသည်။
“အများသိရှိအောင် ဈေးတွေမှာ ဗီနိုင်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကပ်ပေးထားသင့်တယ်” ဟု ဒေါ်လှညွန့် ကပြောသည်။
ဈေးများတွင် စားသုံးရန် မသင့်သည့် ကုန်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့များနှင့် ပူးပေါင်းကွင်းဆင်းကာ ဈေးဆိုင်ပိုင်ရှင်များအား ခေါ်ယူဟောပြောခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့်စားသုံးရန်မသင့်သည့် ကုန်ပစ္စည်း နမူနာများပြသကာ ရှင်းပြခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
“ဗီနိုင်းကပ်တာမျိုးတော့ မရှိသေးဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ယင်းစားသောက်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချနေကြောင်း ပထမအကြိမ်တွေ့ရှိပါက သတိပေးမည်ကာ ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါ စည်ပင်ဥပဒေအရ လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ကုန်ပစ္စည်းများဝင်ရောက်သည့် ၀င်ပေါက်များတွင် သက်ဆိုင်ရာအဖွဲ့ပေါင်းစုံဖြင့် စစ်ဆေးကာ တားဆီးအရေးယူသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်စွာဝင်း ကဆိုသည်။
နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် အဆိုပါ ရှာလကာရည်သည် အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ဖော်ပြထားသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template