Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်သည် နေရူးအမှတ်တရ ဟောပြောရန်အတွက် အိန္ဒိယသို့သွားမည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေရူးအမှတ်တရ ဟောပြောရန်အတွက် အိန္ဒိယသို့သွားမည်။

Written By လွင့်မောင်မောင် on Tuesday, September 25, 2012 | 10:03 PM



နိုဝင်ဘာလတတိယပါတ်တွင် ကျင်းပမည့် နေရူးအမှတ်တရပွဲ တက်ရောက်ပြီးဟောပြောရန်အတွက် အိန္ဒိယအစိုးရ၏ဖိတ်ကြားချက်အား ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံလိုက်ကြောင်း The Time of India သတင်းစာတွင်ရေးသားထားသည်။ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ရောက်ရှိမည့်ရက်ကို အသေးစိတ်ဖေါ်ပြမထားသေးပေ။ အိန္ဒိယဝန်ကြီးချုပ်မက်မိုဟန်ဆင်းသည် မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးရောက်ခဲ့စဉ်က 
 ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီး နေရူးအမှတ်တရဟောပြောပွဲတွင် တက်ရောက်ဟောပြောပေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းကြည်အား ၁၉၉၂ခုနှစ်က ဂျဝါဟလာနေရူးဆု ချီမြင့်ခဲ့သည်။
ဂျဝါဟလာနေရူးသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်တဦးဖြစ်ပြီး လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ခင်မင်ရင်းနှီးသူတဦးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှလည်း " ကျမအပေါ်မှာ ငြိမ်းချမ်းရေဖခင် မဟတ္တမဂန္ဒီနှင့် ဂျဝါဟနေရူးတို့ရဲ့ အတွေးအခေါ်အယူအဆတွေလွှမ်းမှုရှိကြောင်းကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။ နေရူးအမှတ်တရ ဂေါပကအဖွဲ့ကို ၁၉၆၄ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး နေရူးနှင့်ခင်မင်ရင်းနှီးသူ လော့မောင်ဘက်တန်ပါဝင်ခဲ့သည်။
နေရူးအမှတ်တရ ဂေါပကအဖွဲ့တည်ထောင်ပြီး နှစ်စဉ် လူဘောင်တိုးတက်ရေး၊သိပ္ပံနည်းပညာ၊စက်မှုနည်းပညာတို့တိုးတက်ရေးအတွက် ပညာသင်ဆုများချီးမြှင့်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် နေရူးအမှတ်တရဟောပြောပွဲတွင် ပထမဆုံး Lord Butler of Saffron Walden မှ " နေရူး၏ အိန္ဒိယလွတ်လပ်ရေးအတွက်လှုပ်ရှားမှု" အကြောင်းကို ဟောပြခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မောင့်ဘက်တန် က "အာဏာပြောင်းလဲမှုနှင့် ဂျဝါဟလာနေရူးအပေါ်ရောင်ပြန်ထင်ဟပ်မှုများ"အကြောင်း ကိုဟောပြောခဲ့သည်။ ဂျဝါဟလာနေရူးအမှတ်တရ ဟောပြောပွဲတွင် ၂၀၁၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များ၊ပါမောက္ခများစုစုပေါင်း (၃၂)ဦးဟောပြောခဲ့ကြပြီးဖြစ်သည်။
Aung Pan
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template