
ဒေါ်အောင်ဆန်းစုကြည် လာရောက် တွေ့ဆုံနှုတ်ဆက်တာကို ရိုးရိုးရှင်းရှင်း အသွင်သဏ္ဍာန်နဲ့ ရင်းရင်းနီးနီး ကြိုဆိုဖို့ ပြင်နေတဲ့ သမ္မတ ဦးသိန်းစိန် (သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ
၁၅မိနစ်ကြာရင်းနှီး နွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးမှုအပြီးမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ``သမ္မတကြီးနဲ့ တွေ့ရတာ ၀မ်းသာပါတယ်`` လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က တိုတိုတုတ်တုတ် ဖြေကြားသွားပါတယ်)။
သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက် The Mark ဟိုတယ်ကို ဒေါ်အောင်ဆန်းစုကြည် နယူးယောက်စံတော်ချိန် ည ၆ နာရီသာသာ (အမှန်တကယ်ချိန်းဆိုထားချိန်ထက် နာရီဝက်ခန့်စောပြီး) က ရောက်လာခဲ့ပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ တကယ့်ကို မောင်ရင်းနှမပမာ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ``မစု... ပိန်သွားတယ်`` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို ဓာတ်ပုံရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့ မီဒီယာသမားတဦးက ဘီဘီစီကို ပြောပါတယ်။