Headlines News :
Home » » မြန်မာပြည်သူများ ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား

မြန်မာပြည်သူများ ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား

Written By လွင့်မောင်မောင် on Thursday, September 27, 2012 | 11:25 AM



အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေးတဲ့အတွက် မြန်မာ ပြည်သူတွေ အထူးပဲ ဝမ်းမြောက်လျက် ရှိပါကြောင်း၊ အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်ချက်များကို မိမိတို့ ကျေးဇူးဥပကာရ အထူးပဲ တင်ရှိပါကြောင်း နိုင်ငံတော်သမ္မတကြီးက ဟီလာရီကလင်တန်ကို ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အဆွေတော်သမ္မတကြီးနှင့် အဆွေတော်တို့အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို တည်တည်ငြိမ်ငြိမ် ဆက်လက် ဆောင်ရွက်ခဲ့တာကို အလေးထား စောင့် ကြည့်ခဲ့ပါကြောင်း၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုဖို့၊ နောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက် နိုင်ရန် တွန်းအားပေးနိုင်ဖို့ ခြေလှမ်းတိုင်းကို ခြေလှမ်းတိုင်းနဲ့ တုံ့ပြန်လျက်ရှိပါကြောင်း ဟီလာရီကလင်တန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံနိုင်စေဖို့ ပိတ်ဆို့မှု အချို့ ဖယ်ရှားပေးခဲ့ပြီး မကြာသေးခင်ကပဲ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးတို့ကို ပိတ်ဆို့မှုစာရင်းက ဖယ်ရှားပေးခဲ့ပါတယ်။

အခုတစ်ခါ နိုင်ငံတော်သမ္မတကြီးရဲ့ နယူးယောက် ခရီးစဉ်မှာ မြန်မာပို့ကုန်တွေ ပိတ်ဆို့ထားမှုကို ထပ်မံဖယ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖယ်ရှားပေးတဲ့အတွက် နိုင်ငံတော် သမ္မတကြီးက အထက်ပါအတိုင်း ကျေးဇူးတင်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီအချိန်မှာ ဒီလိုထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခြင်းဟာ နိုင်ငံတော်သမ္မတကြီးအတွက် ကြီးမားတဲ့အောင်မြင်မှု ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ လာရောက်ခဲ့တဲ့ ပထမဦးဆုံးသော အမေရိကန်ခရီးစဉ် အိမ်အပြန်လမ်းမှာ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေအတွက် အရေးကြီးတဲ့ တွန်းအားတစ်ခု ရရှိခဲ့ပါပြီ" လို့ Asia Society ဒုတိယဥက္ကဌဖြစ်တဲ့ ဆူဇန်နီ ဒီမဂ္ဂီယိုက ပြောကြားခဲ့ပါတယ်။

  Hmuu Zaw(Facebook)

http://www.nytimes.com/2012/09/27/world/asia/daw-aung-san-suu-kyi-of-myanmar-not-bitter-about-past.html
    
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template