ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ၂၁ ရက်နေ့က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဝန်ထမ်းများနှင့် တွေ့ဆုံချိန်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ''လွှတ်တော်အလုပ်တွေနဲ့ ပတ်သက်လို့ ကျွန်မအများကြီး အားတက်မိပါတယ်။ ကျွန်မထင်တာထက် ထိရောက်မှု ရှိနိုင်မယ်လို့ မြင်ပါတယ်။ လွှတ်တော်ထဲမှာ အလုပ်လုပ်ခဲ့တာတော့ အခုတော့ နှစ်လလောက်ပဲ ရှိသေးတယ်ပေါ့နော်။ ဒါပေမယ့် ဒီနှစ် လအတွင်းမှာတောင်မှ ကျွန်မတို့ အတွေ့အကြုံအရဆိုရင် ကျွန်မတို့ မျှော်မှန်းထားတာထက်ပိုပြီးတော့ ဒီမိုကရေစီနည်းကျတယ်လို့ ကျွန်မ မြင်ရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
''ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆၅၁ ယောက်သော လွှတ်တော်နှစ်ခုပေါင်းရဲ့ ကိုယ်စားလှယ်တွေထဲမှာဆိုရင် ၄၅ ယောက်ပဲ ဖြစ်ပါတယ်။ ၄၅ ယောက်ဆိုတာ အင်မတန်မှ နည်းပါတယ်။ နည်းပေမယ့်လည်း ကျွန်မတို့ရဲ့ အနေအထားက ထိရောက်မှုရှိအောင်လို့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေကနေပြီးတော့ မျှမျှတတ ဆက်ဆံတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ ပြည်ထောင်စုလွှတ်တော်မှာဆိုလို့ရှိရင် ဥက္ကဋ္ဌကြီးက ကျွန်မကို ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေး ကော်မတီဥက္ကဋ္ဌ အဖြစ်နဲ့ နေရာပေးတာ၊ နောက်ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကိုလည်း မျှမျှတတ ဆက်ဆံတာတွေကြောင့်မလို့ ထင်တာထက် ထိထိရောက်ရောက် လုပ်နိုင်တာကို တွေ့ရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago