Headlines News :
Home » , » အာဆီယံအမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်းကို ကျပ်သိန်း(၁၅၀) MFF ချီးမြှင့်

အာဆီယံအမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်းကို ကျပ်သိန်း(၁၅၀) MFF ချီးမြှင့်

Written By လွင့်မောင်မောင် on Tuesday, September 25, 2012 | 4:05 PM

thn_b_04
အိမ်ရှင်ဗီယက်နမ်အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၀မ်းနည်းကြေကွဲနေသည့် မြန်မာအမျိုးသမီးအသင်း

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)က ကြီးမှူး၍ ၂၀၁၂အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ပြီးခဲ့သည့်စက်တင်ဘာလ (၂၂)ရက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်းကို အချိန်ပိုအထိဂိုးမရှိ သရေကျနေ၍ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (၃-၄)ဂိုးဖြင့်ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရကြောင်းသိရသည်။
ယင်းကဲ့သို့ အိမ်ရှင်ဗီယက်နမ်အသင်းကိုရှုံး နိမ့်ခဲ့ရသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မြန်မာအမျိုးသမီးအသင်းကိုဆုကြေး ငွေကျပ်သိန်း(၁၅၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်းအသင်းကို လာမည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်၍ဆက်လက်စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်ပြီး မြန်မာအမျိုးသမီးကစားသမားများ၏ လက်ရှိရရှိနေသော တစ်ဦးချင်းလစာငွေများကိုလည်း တိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။MFF သည်လက်ရှိအချိန်၌ မြန်မာအမျိုးသမီးကစားသမားများကို တစ်ဦးလျှင် လစာငွေကျပ် (၃) သိန်းစီပေးအပ်နေရာမှ ယခုအခါတစ်ဦးလျှင် လစာငွေကျပ် (၅)သိန်းစီတိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗိုလ်လုပွဲတွင်ပွဲကစားချိန်(၁၁)မိနစ်၌ မြန်မာအသင်းအတွက်အားထားရသည့် ကွင်းလယ်လူစန်းစန်းမော် ဒဏ်ရာရရှိသွားခဲ့ပြီး ၀ါရင့်ကွင်းလယ်ကစားသမားပင် ဖြစ်သည့် သန်းသန်းထွေး မှာလည်း (၂) ၀ါ၊ (၁)နီဖြင့်ထုတ်ပယ်ခံခဲ့ရသည်။
မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်း တို့ ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် မြန်မာမှ မြင့်မြင့်အေး၊ ဖူးပွင့်ခိုင် နှင့် နီလာမြင့် တို့ ဂိုးဝင်ခဲ့ ပြီး ခင်မိုးဝေနှင့် ခင်မာလာထွန်းတို့၏ ကန်သွင်းချက်များမှာ လွဲချော်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်သည်။ ယခုပြိုင်ပွဲ၌ ဗီယက်နမ်အသင်းဗိုလ်စွဲသွားခဲ့ သောကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် မြန်မာအသင်းနှင့် အောင်မြင်မှုစံချိန် တူညီသွားခဲ့ပြီး မြန်မာအသင်းက (၂၀၀၄၊ ၂၀၀၇)၊ ဗီယက်နမ်အသင်းက (၂၀၀၆၊ ၂၀၁၂) ပြိုင်ပွဲတို့တွင် ဗိုလ်စွဲထားခဲ့ကြောင်းသိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template