Headlines News :
Home » » အားကောင်းသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာသည့် JELAWAT

အားကောင်းသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာသည့် JELAWAT

Written By လွင့်မောင်မောင် on Sunday, September 23, 2012 | 5:46 PM


By mmweather.ygn, on September 23rd,
 2012 စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၃၃၀ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း JELAWAT(18W) ဖိလစ်ပိုင်အမည် LAWIN သည် ပိုမိုအင်အားကောင်းလာပြီး အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ရောက်ရှိကာ မုန်တိုင်းမျက်စေ့ ထင်ရှားစွာဖြစ်ပေါ်လာကြောင်း တွေ့ရပါသည်။
တိုင်ဖွန်းမုန်တိုင်း JELAWAT သည် မြောက်-အနောက်မြောက်ဘက်သို့ လမ်းကြောင်းရွေ့လျားပြောင်းလဲမှုကြောင်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မုန်တိုင်းဝင်ရောက်တိုက်ခတ်ခံရမည့် အန္တရာယ်မှ ကင်းလွတ်ပြီဟု ခန့်မှန်းနိုင်ပြီး ထိုင်ဝမ်ကျွန်းနှင့် မကြာသေးမီက စူပါတိုင်ဖွန်းမုန်တိုင်းကြီး SANBA ဝင်ရောက်တိုက်ခံခြင်းကို ခံခဲ့ရသည့် အိုကီနာဝါကျွန်းတို့အတွက်အန္တရာယ်ရှိလာသည့်အခြေအနေကို ရောက်ရှိလာကြောင်း တွေ့ရပါသည်။

မုန်တိုင်းမျက်စေ့ ထင်ရှားစွာ ပေါ်လာသည့် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း JELAWAT(LAWIN)
စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီ၌ တိုင်ဖွန်းမုန်တိုင်း JELAWAT ၏ အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် တိုက်တိမ်တိုက်စုဖွဲ့ဖြစ်ပေါ်မှု အခြေအနေပြပုံ(အောက်ပုံ)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template