
ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီမှ
အတွင်းရေးမှူးဦးဝင်းမြင့်၊ ဦးသိန်းညွန့်(ကော့ကရိတ်)၊ ဦးမင်းဆွေ၊ဒေါ်လဲ့လဲ့ဝင်းဆွေ၊
လွှတ်တော်လက်ထောက်ညွန်ကြားရေးမှူး ဦးကိုကိုနိုင်တို့သည်
စက်တင်ဘာ(၂၅)ရက်နေ့နံနက်(၁၀)နာရီကရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်း ခရိုင်၊
တာမွေမြို့နယ်တရားရုံးသို့ ရောက်ရှိလာရာ ရန်ကုန်းတိုင်းဒေသကြီး
တရားလွှတ်တော်ချုပ်တရားသူကြီး ဦးဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးအရာရှိညွန်ကြားရေးမှူး ဒေါ်လွင်လွင်အေးကျော်တို့ကကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် ဧည့်ခမ်းမ၌မြို့နယ်တရားသူကြီး ဦးမြင့်ဝင်း၊တွဲဘက်တရားသူကြီး(၁)ဒေါ်ခင်ဆွေ မြင့်၊တွဲ(၂)ဒေါ်ဥမ္မာဝင်း၊
ဒုတိယတရားသူကြီးဦးကြည်သာအောင်၊ ဒေါ်သဲသဲမိုးဆွေ၊ဒု(၃)ဒေါ်အေးသက် မော်တို့အား
လက်ရှိတရားစီရင်ရေးနှင့်ပတ်သတ်၍အခက်အခဲများ၊အမှုဖြစ်ပွားမှုများ၊အမှုအမျိုးအစားများ
နှင့်ပတ်သတ်၍ ဆွေးနွေးကြပြီးတရားရုံးထုတ်တရားခံများ၊အမှုသည်များ
ကိုတွေ့ဆုံမေးမြန်းပြီးတရားရုံးအား ကြည့်ရှု့လေ့လာခဲ့ကြသည်။
ထို့နောက်မြို့နယ်ဥပဒရုံးသို့သွားရောက်ကာမြို့နယ်ဦးစီးအရာရှိဒေါ်ခင်ဆွေဦးအပါအ၀င်
ဥပဒေအရာရှိများ နှင့်လည်းဆွေးနွေးခဲ့ကြသည်။

News from : National League for Democracy
( excellencemedia.myanmar@gmail.com)