Headlines News :
Home » » မွေးနေ့အထိမ်းအမှတ်အဖြစ် နေရာ ၃နေရာမှာ ငွေ ၁၁သိန်းလှူတဲ့ နေတိုး ပြင်ဦးလွင်ရှိ သူ့ ခြံမှာ ရုပ်ရှင်စတူဒီယိုဆောက်လုပ်ရန် စိတ်ကူးနေကြောင်းဖွင့်ဟ

မွေးနေ့အထိမ်းအမှတ်အဖြစ် နေရာ ၃နေရာမှာ ငွေ ၁၁သိန်းလှူတဲ့ နေတိုး ပြင်ဦးလွင်ရှိ သူ့ ခြံမှာ ရုပ်ရှင်စတူဒီယိုဆောက်လုပ်ရန် စိတ်ကူးနေကြောင်းဖွင့်ဟ

Written By လွင့်မောင်မောင် on Tuesday, September 25, 2012 | 6:54 PM

 
 နေတိုးက ၃၁နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အလှူအဖြစ် ပြင်ဦးလွင် ဒိုးပင်အောင် ကံသာမိဘမဲ့ကလေးကျောင်းကို ငွေကျပ် ၅ သိန်း၊ ပရဟိတ မျက်မမြင် ပညာသင်ကျောင်း ကို ငွေကျပ် ၃သိန်းနဲ့ ဘိုးသွား ရိပ်သာကို ငွေ ကျပ် ၃သိန်းလှူဒါန်းခဲ့ပြီး စုစုပေါင်း ငွေကျပ် ၁၁သိန်းလှူ ခဲ့ပါတယ်။ မနက် ၈နာရီခွဲ မိဘမဲ့ ကလေးကျောင်းကို ရောက်သွား တဲ့အခါမှာ တော့ ကလေးတွေ က နေတိုးရောက် လာလို့ ပျော်ရွှင်နေကြ တာကိုတွေ့ရှိရ သလို၊ နေတိုးက သူတို့ကို စကားတွေ ရင်းရင်း နှီးနှီးပြောတဲ့ အခါ မှာတော့ သူတို့ အပျော်က အထွတ် အထိပ် ရောက်နေကြ တာပါ။ သူတို့ အားလုံးနဲ့ ဓာတ်ပုံ ရိုက်ပြီး ပြန်ထွက်တဲ့ အခါမှာတော့ နောက် တစ်ခါလာဖို့၊ အကယ် ဒမီတွေ ရဖို့၊ ကျန်းမာဖို့ စတဲ့ ဆုတောင်းသံတွေ ညံပြီး ကျန်ခဲ့ပါတယ်။ အဲဒီနောက် ပရဟိတ  မျက်မမြင်ကျောင်း ကို ရောက်တဲ့အခါမှာတော့ နေတိုးရုပ်ကို မမြင် ရပေမယ့် နေတိုး အသံကို ကြားချင်လို့လာ နားထောင်တဲ့ မျက်မမြင် တချို့ ကိုလည်း တွေ့ ရှိခဲ့ရပြီး နေတိုး အသံနဲ့ သူတို့ပျော်ရွှင်နေတာ ကိုလည်း တွေ့မြင်ခဲ့ရပါ တယ်။ အဲဒီနောက် ဘိုးဘွား ရိပ်သာကို ငွေလှူပြီး အချိန်မရတာ ကြောင့် ရှုတင်ကိုတန်းပြေးခဲ့တဲ့ နေတိုးကို အလှူနဲ့ပတ်သက်ပြီး နောက်တစ်ရက်မှာ မေး တော့ “တကယ် လိုအပ်နေတဲ့   နေရာမှာ ကိုယ်လုပ်ပေးနိုင်တဲ့ အနေ အထားနဲ့ ကြုံလို့ လှူဒါန်းဖြစ်တာပါ။ ဘယ်နေရာမှာ မဆို လိုအပ်မှုလေးတွေ ရှိတာပါပဲ။ အဲဒီ လိုအပ်မှု လေးတွေကို မွေးနေ့အဖြစ်  ဖြည့်ဆည်း ခွင့်ရလို့ ကျေနပ်စရာ ကောင်းတယ်”လို့ ပြောပါတယ်။ နေတိုးက ပြင်ဦးလွင်မှာရှိတဲ့သူခြံမှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ ဆက်တင်တွေဆောက် မယ်လို့ ကြားသိရတာ ကြောင့် မေးကြည့်တော့ “ကျွန်တော်က ရာသီဥတု အနေအထားကို လည်းကြိုက်တယ်။ မြန်မာနိုင်ငံမှာ အကြိုက် ဆုံးမြို့ကို ပြောပါ ဆိုရင် ပြင်ဦးလွင်ပဲ။ ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင်တွေက လှတယ်။ ပြီးတော့ အဆောက်အအုံတွေ ဆို လည်း classic ဆန်တဲ့ပုံစံတွေ၊ ခေတ်မီတဲ့ပုံစံ တွေအကုန်ရှိတယ်။ လမ်းပန်း ဆက်သွယ်ရေး ဆိုလည်း ကောင်းမွန်တယ်။ ကျွန်တော့် စိတ်ထဲ မှာဖြစ်ချင်တဲ့ ပုံစံတွေ ဒီမှာအကုန်ဖြစ်နေတာ ကြောင့် ဒီမှာ ဆက်တင်တွေ ဆောက်ဖို့စိတ်ကူး ဖြစ်တာပါ။ ရုပ်ရှင်အဖွဲ့သားတွေကလည်း ဒီ ကိုလာပြီး ရိုက်ကြတယ်။ ဒီနေရာဟာ ရုပ်ရှင် အဖွဲ့သားတွေ အနုပညာ ဖန်တီးတဲ့ အခါမှာ အကျိုးရစေ တဲ့နေရာဖြစ်တာကြောင့် မီနီစတူ ဒီယိုဖြစ်ဖြစ်၊ နယ်ဇာတ်တွေ ရိုက်ကူးနိုင်ဖို့ ဆက်တင်လေးတွေ လုပ်မယ်လို့ စိတ်ကူးတာ ပါ” လို့ ပြောပါတယ်။ နေတိုးက သူတစ်ယောက် တည်း လုပ်မယ် ဆိုရင် အချိန်တွေ အများကြီး ပေးရမှာဖြစ်ပြီး ရုပ်ရှင်က သူငယ်ချင်းတွေ စု စည်းပြီး လုပ်မယ်ဆိုရင်တော့   ပိုမြန်မယ်လို့ ထင် ကြောင်း၊ သူတို့တွေ လည်း တိုင်ပင်ဦး မှာဖြစ် ကြောင်းပြောပြခဲ့ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template