Headlines News :
Home » » ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

Written By လွင့်မောင်မောင် on Friday, September 28, 2012 | 9:23 AM

ထိုင်းမူဆလင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Shopping Mall တခုရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်
 အမေရိကန် ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော် မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကား အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ် ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template