Headlines News :
Home » » ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး

Written By လွင့်မောင်မောင် on Saturday, September 29, 2012 | 7:41 PM


မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် JCCI  ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ ၀ါတာနာဘဲက ပြောကြားခဲ့သည်။
''ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံက အီတာလျံ -ထိုင်းကုမ္ပဏီက လုပ်ဆောင်နေတာဖြစ်ပြီး သူတို့က ဂျပန်မှာရှိတဲ့ အဓိက ကုမ္ပဏီကြီးတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ ထားဝယ်စီမံကိန်းက မဲခေါင်ဒေသအတွက်ရော အာဆီယံနိုင်ငံတွေအတွက်ပါ အရေးကြီးတဲ့ ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်တာကြောင့် မြန်မာရော ထိုင်းနိုင်ငံအတွက်ပါ ဂျပန်က ပူးပေါင်းဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပုံ စံမျိုးနဲ့ ဒီစီးပွားရေးဇုန်စီမံကိန်းကို ဖော်ဆောင်သွားမယ်ဆိုတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ MOU တွေ၊ အခြား သဘောတူစာချုပ်တွေကို ဂျပန်အစိုးရနဲ့ရော စီးပွားရေးလုပ်ငန်းတွေနဲ့ပါ လက်ရှိမှာ လုပ်ဆောင်ထားခြင်း မရှိပါဘူး'' ဟု ၄င်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံက ရန်ကုန်မြို့နှင့်နီးသော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကိုသာ အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်ဟု ၄င်းကဆိုသည်။
အီတာလျံ-ထိုင်းကုမ္ပဏီသည် ငွေကြေးနောက်ခံထောက်ပံ့ပေးမည့် အဖွဲ့အစည်းကို ရှာဖွေလျက်ရှိပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် လိုအပ်သောငွေကြေး အမေရိကန်ဒေါ်လာ ၈.၆ ဘီလျံ၏ ၇၅ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံမှ ချေးငွေအဖြစ် ရယူနိုင်ရန် မျှော်မှန်းထားသည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
၎င်းကုမ္ပဏီသည် အဆိုပါ စီးပွားရေးဇုန် စီမံကိန်းတွင် စိတ်ပါဝင်စားသည့် ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းထက် ၁၀ ဆကြီးမားပြီး ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့တွင် တည်ဆောက်မည့်စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ် ဘတ်ငွေ ၃၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဘီလျံ) ကို ထိုင်းအစိုးရက အတည်ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံအတွင်း ဂျပန်နိုင်ငံဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဈေးကွက်ကို အာဆီယံဒေသသို့ ချက်ခြင်းပြောင်းလဲမှုများ ဖြစ်ပေါ်မည်မဟုတ်ကြောင်း JCCI ၏ အကြီးအကဲ မစ္စတာအိုကာမူရာက ပြောကြားသွားခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template