Headlines News :
Home » » ကချင် စစ်ပွဲ ငြိမ်းချမ်းရေးဦးဆောင်တောင်းဆိုသူ(၂)ဦးအားရဲစခန်း(၁၂)ခုက စတင်တရားစွဲ စစ်ဆေးနေ

ကချင် စစ်ပွဲ ငြိမ်းချမ်းရေးဦးဆောင်တောင်းဆိုသူ(၂)ဦးအားရဲစခန်း(၁၂)ခုက စတင်တရားစွဲ စစ်ဆေးနေ

Written By လွင့်မောင်မောင် on Saturday, September 29, 2012 | 12:58 PM


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျရောက်ခဲ့တဲ့ စက်တင်ဘာ(၂၁) ရက်နေ့နိုင်ငံတကာ ငြိမ်းချမ်းရေး မှာ ရန်ကုန်မြို့နေရာအနှံ့ တနိုင်ငံလုံး စစ်ပွဲတွေရပ် ကြွေးကြော်သံပါတဲ့
ဆိုင်းဘုတ်ကိုင်ဆွဲ ဆန္ဒပြုခဲ့ကြတဲ့ အထဲက လူမူရေး အဖွဲ့တစ်ခုဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်ကခေါင်းဆောင်တွေကို ဒီကနေ့ အမှုစတင်စစ်ဆေးနေတယ် လို့ သိရပါ
တယ်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ခေါင်းဆောင်တွေ ဖြစ်တဲ့ဦးမရန်ဂျော်ဂွန်း နဲ့ ဒေါ်မေစပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ
ဥပဒေပုဒ်မ (၁၈) အရ ဒဂုံမြို့ နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က အမှုစစ်ဆေးနေတာပါ။

အထက်ပါ နှစ်ဦးကို မရမ်းကုန်းမြို့နယ် ၊ဒဂုံမြို့နယ် ၊စမ်းချောင်းမြို့နယ် ၊ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ တာမွေမြို့နယ် စတဲ့မြို့နယ်အသီးသီးက တာဝန်ကျရဲစခန်းများက အမှုဖွင့်ထားတာဖြစ်ပြီး ဒီကနေ့ ဒဂုံမြို့နယ် တရားရုံးမှာ စတင်စစ်ဆေး
တယ်လို့သိရပါတယ်။
ဒဂုံမြို့နယ် တရားသူကြီးက ဥပဒေဆိုင်ရာ ကျင့်ထုံးများအရ တရားစွဲခံရသူ တစ်ဦးလျှင် အာမခံနှစ်ဦးစီနှင့် သန်းခေါင်စာရင်း ၊ပိုင်ဆိုင်မှုများပြပြီး အာမခံဝန်ချက်ထိုးရမယ်
လို့ ပြောဆိုပါတယ်။
ဒါပေမဲ့ တရားစွဲခံရသူ နှစ်ဦးကတော့ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေး အရ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပြီး ဥပဒေကိုချိုးဖောက်မှု မရှိကြောင်းပြန်လည်တင်ပြခဲ့တာ ကြောင့်ကိုယ်ပိုင်ခံဝန်ချက်နဲ့ ငွေဆယ်သိန်း အာမခံထားခဲ့ရပါတယ်။
အမှုကို လာမယ့်လ အောက်တိုဘာ (၁၀) ရက်နေ့ ထပ်မံချိန်းဆိုလိုက်တယ် လို့ သိရပါတယ်။
(source-RFA)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template