Headlines News :
Home » , » ကမျောကင်းတံတားဖြတ်သန်းခကောက်ခံမှုပုံစံပြောင်း

ကမျောကင်းတံတားဖြတ်သန်းခကောက်ခံမှုပုံစံပြောင်း

Written By လွင့်မောင်မောင် on Tuesday, September 25, 2012 | 4:00 PM

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

ယနေ့နံနက်ပိုင်းမှစတင်ကာထားဝယ်မြို့နှင့်လောင်းလုံးမြို့နယ်ဆက်သွယ်ရာ
ထားဝယ်မြစ်ကူးကမျောကင်းတံတား၌တံတားဖြတ်သန်းခကောက်ခံမှုပုံစံပြောင်းပြီး
တံတားထိပ်မှာပင်နှစ်နေရာခွဲကာကောက်ခံနေပြီဖြစ်ကြောင်းတွေ့ရသည်။
အဆိုပါကောက်ခံရာနေရာတွင်မြို့ဝင်ကြေးနှင့်တံတားဖြတ်ခတို့ကိုယခင်က
တစ်ပေါင်းတည်းကောက်ခံသော်လည်းယနေ့မှစတင်ကာသီးခြားစီကောက်ခံလာခြင်းဖြစ်သည်။
တံတားဖြတ်သန်းခများကောက်ခံနေသော်လည်းတံတားနှင့်ပတ်သက်သည့်ဝန်ဆောင်မှု
လုပ်ငန်းများမှာကျေနပ်ဖွယ်ရာမရှိကြောင်းတွေ့ရသည်။ပြီးခဲ့သည့်
ရက်သတ္တပတ်အတွင်းတံတားပေါ်၌ဖြစ်ပွားခဲ့သောဆိုင်ကယ်မတော်တဆမှုတွင်
တံတားအဆက်များချို့ယွင်းပြီးမညီမညာဖြစ်ရခြင်းမှာလည်းအခြေခံကျသော
အချက်တစ်ချက်အြဖြစ်ပါဝင်ကြောင်းသုံးသပ်တွေ့ရှိရသည်။
တံတားများတွင်အသုံးပြုကောက်ခံလျက်ရှိသောကတ္တားချိန်ခြင်းမှာလည်းကားလုပ်ငန်းရှင်များနှင့်
လမ်းတံတားကြေးကောက်ခံသူတို့အကြားမကြာခဏဆိုသလိုအငြင်းပွား
ဖွယ်ရာဖြစ်ပေါ်လေ့ရှိကြောင်းတွေ့ရသည်။
ထို့အပြင်တံတားဖြတ်ခကောက်ခံသူများကလမ်းတစ်ဝက်နီးပါးလမ်းပေါ်တက်
ကာကောက်ခံခြင်းကြောင့်လည်းယာဉ်မတော်တဆမှုများဖြစ်ပွားလေ့ရှိကြောင်းသိရသည်။
ကမျောကင်းတံတားကိုမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊နိုင်ငံတော်ဝန်ကြီးချုပ်ဦးစိန်ဝင်း
လက်ထက်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ချို့ယွင်းပြီးမညီမညာဖြစ်နေကြောင့်ယာဉ်မတော်တဆမှုများဖြစ်ပွားနိုင်ချေများသည်။
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) ၂၅.၉.၂၀၁၂

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) 
************************************************************************************************
ဤတံတားကို ၁၉၇၅ ခုကတည်းက စတင်ဖွင့်လှစ်အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း ၃၇နှစ် ရှိပြီဖြစ်သဖြင့် ၄င်းတံတားမှရရှိသော တံတားအသုံးပြုခ များကိုထားဝယ်ဒေသပြည်သူပြည်သားများ
ပေးဆောင်နေသည်မှာ ဤတံတားမျိုး ၃ စင်းတန်ဘိုးလောက်ရှိပေရော့မည်။
  သို့အတွက် ကမျောကင်းတံတား အသုံးပြုခ ကိုကောက်ခံရာတွင် မော်တော်ကားနှင့် အခြား သုံးဘီး
တပ်ယာဉ်များပေါ်တွင်ကောက်ခံနေခြင်းပေါ်တွင် စောဒကတက်ပြောရန်မရှိသော်လည်း
နှစ်ဘီးတပ်ယာဉ်များပေါ်တွင် ကောက်ခံနေခြင်းမှာသင့်၏ မသင့်၏ကို မူ ဒေသဆိုင်ရာ အစိုးရ လူကြီးမင်းများအနေဖြင့်ပြန်လည် သုံးသပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
                            Myanmar Local News အယ်ဒီတာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template