Headlines News :
Home » » ABSDF ဖြစ်ရပ်များအား စုံစမ်းစစ်ဆေးပေးရန် အောက်တိုဘာလကုန် နောက်ဆုံးထား နိုင်ငံတော်သို့ တင်ပြမည်

ABSDF ဖြစ်ရပ်များအား စုံစမ်းစစ်ဆေးပေးရန် အောက်တိုဘာလကုန် နောက်ဆုံးထား နိုင်ငံတော်သို့ တင်ပြမည်

Written By လွင့်မောင်မောင် on Wednesday, September 26, 2012 | 11:39 AM

ABSDF မြောက်ပိုင်းအရေးတွင် ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်ကျော်မင်းအား ရည်စူးကာ ကန့်ဘလူမြို့နယ်ရှိ နေအိမ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းဖြစ်ရပ်များအား တရားမျှတစွာ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရန် လက်မှတ်တစ်သောင်းခန့် ရေးထိုးကာ ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် နိုင်ငံတော်သို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း လွတ်မြောက်လာသူများထဲမှ တစ်ဦးဖြစ်သော ကိုညီညီကျော်က ပြောကြားသည်။
မြောက်ပိုင်းဖြစ်ရပ်များအား တရားဥပဒေအရ စုံစမ်းစစ်ဆေး အရေးယူပေးရန် မူလဖြစ်ပွားရာဒေသဖြစ်သော ၀ိုင်းမော်ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း ဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူ များပြားလွန်းခြင်းကြောင့် ယင်းဒေသ၌ စုံစမ်းစစ်ဆေးရန် မိသားစုဝင်များအနေဖြင့် အခက်အခဲရှိနိုင်သဖြင့် နိုင်ငံတော်သို့ တောင်းဆိုတင်ပြရခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ကြောင့်လည်း မနစ်နာစေချင်ပါဘူး။ ဒါပေမယ့် တာဝန်ယူမှု၊ အမှန်တရားကို ရင်ဆိုင်နိုင်မှု၊ ဒီနှစ်ခုကတော့ အရေးကြီးတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်မှာ မြန်မာလူမျိုးတွေက အင်မတန် အားနာတတ်တယ်။ မသင့်တော်တဲ့လူမျိုးတွေကိုလည်း ဖယ်ရှားဖို့ ၀န်လေးခဲ့တာ တွေ့ရတယ်''ဟု ကိုညီညီကျော်က ဆိုပါသည်။
ကိုကျော်ကျော်မင်း၏ ကျန်ရစ်သူ မိသားစုအနေဖြင့် တရားစွဲဆိုခြင်းများ ဆက်လက်ပြုလုပ်သွားရန် ဆန္ဒမရှိကြောင်း သိရှိရပါသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template