
မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ တာဝန်ရှိသူများက ရန်ကုန်မှ ပြည်တွင်းပြည်ပ
မီဒီယာသမားများကို မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ စီးပွားရေးဦးပိုင် လီမီတက်ရုံးခန်းသို့ ခေါ်ယူ၍ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံရှင်းလင်းပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းတွေ့ဆုံရှင်းလင်းပွဲတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းခဲ့ပြီး အဆိုပါပွဲသို့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ စီမံကိန်းဌာနဒါရိုက်တာ ဦးမောင်မောင်တင့်၊ မုံရွာစီမံကိန်းတာဝန်ခံ ဦးမြင့်အောင်၊ သတ္ထုတွင်းအင်ဂျီနီယာ ဦးကိုမြင့်၊ မြန်မာဝမ်ဘို Mining Copper လီမီတက်မှ မန်နေဂျင်းဒါရိုက်တာ Gengyi တို့နှင့် ဖိတ်ကြားထားသော မီဒီယာသမားများ တက်ရောက်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့်စီ မံကိန်းတစ်ခုဖြစ်သောကြောင့် ရပ်နားမည်မဟုတ်ကြောင်း၊ ဒေသခံများနှင့် အတက်နိုင်ဆုံး အဆင်ပြေစေရန် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒေသခံများ နစ်နာ မှုများကို တရားဝင်စာတင်၍ တောင်းဆိုနိုင်ကြောင်း၊ မိမိတို့ဘက်မှ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီအား သတ္ထုတွင်းအတွင်း ၀င်ရောက်လုပ်ကိုင်ခွင့်သာ ပေးခြင်းဖြစ်ပြီး မိုင်းပါမစ်ကိုမူ မပေးဘဲ စီးပွားရေးဦးပိုင်လီမီတက်က ကိုင်ထားကြောင်း၊ ဤလုပ်ငန်းသည်ရပ်တန့်၍ မရဘဲဆက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ ညှိနှိုင်းစရာများရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကျိုးအမြတ် အသေးစိတ် အတိအကျကို မိမိအနေဖြင့် မပြောနိုင်သော်လည်း အကြမ်းဖျင်းအားဖြင့် နိုင်ငံတော်က တော်တော်များများရကြောင်း၊ အခွန်အခများနှင့် ပေါင်းပါက နိုင်ငံတော် အကျိုးအမြတ်ကများကြောင်း၊ ကျွန်တော်တို့ ဦးပိုင် အနေဖြင့်လည်းရကြောင်း၊ တရုတ်က အကျိုးအမြတ် ရမှုအနည်းဆုံးဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ မရှိနှင့်ပတ်သက်၍ လာရောက်စစ်ဆေးလိုပါက ပြည်တွင်းပြည်ပ ပညာရှင်များ လာရောက်လေ့လာနိုင်ကြောင်း၊ ကြိုဆိုပါကြောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ စီမံကိန်းဌာန ဒါရိုက်တာဦးမောင်မောင်တင့်က ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်သည် လက်ပံတောင်းတောင် ကြေးနီးသတ္ထုတွင်းလုပ်ငန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀မ်ဘို Mining Copper လီမီတက်မှ မြန်မာနိုင်ငံတွင် တည်ထောင်ထားသည့် မြန်မာဝမ်ဘို Mining Copper လီမီတက်နှင့် Production, Sharing ,Contract စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာဝမ်ဘို Mining Copper လီမီတက်မှ လက်ပံတောင်း တောင်ကြေးနီသတ္ထုတွင်းအတွက် 997 Million, USD ကို ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံဆောင်ရွက်သွားမည်ဟု ရှင်းလင်းပွဲမှ သိရသည်။
လက်ပံတောင်းတောင်ကြေးနီ သတ္ထုတွင်းတွင် လုပ်သားဖွဲ့စည်းအင်အား ၂၀၀၀ ဦးရေနှင့် နေ့စား ၀န်ထမ်းခန့်မှန်းခြေ ၁၅၀၀ ဦးရေခန့် ရှိကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်းနှင့်ပတ်သက်၍ ခွင့်ပြုသည့်ရက်စွဲမှာ သတ္ထုအကြီး စားတူးဖော်ထုတ်လုပ်မှုအတွက် ခွင့်ပြုမိန့် ၅/၃/၂၀၁၀နှင့် နိုင်ငံသား ရင်းနီးမြုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်မှာ ၅/၅/၂၀၁၀ ဖြစ်ပြီး သက်တမ်းကာလမှာ ၂၈ နှစ်ဖြစ်ကြောင်း၊ ခွင့်ပြုသည့်ဧရိယာမှာ ၇၈၆၇၇၈ ဧကဖြစ်ကြောင်းလည်း သိရသည်။
ကြေးနီ ၃၃၈ တန်အလွဲသုံးမှု တံခါးပိတ် စစ်ဆေး
မုံရွာ ကြေးစင်တောင်စီမံကိန်းမှ ကြေးနီ ၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ဒု ထုတ်လုပ်ရေးမှူး ဦးအောင်လောဟာနှင့် ဦးကျော်ဆွေတို့ကို ယနေ့နေ့လည်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာ ပြည်သူများရှေ့မှောက်တွင် မဟုတ်ဘဲ တံခါးပိတ် စစ်ဆေးကြောင်း သတင်းရသည်။ ယင်းကြေးနီများမှာ အမှတ် (၁) သတ္တုတွင်းနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟို ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်နေသည့် စီမံကိန်းမှဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံမှ အိုင်ဗင်ဟို ကုမ္ပဏီ ရတ်သိမ်းသွားစဉ် တရုတ်ကုမ္ပဏီသစ် ယန်စီကော့ပါးသို့ ရှယ်ယာနှင့် စာရင်းများ လွှဲပြောင်းချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Facebook: Sa Maung