Headlines News :
Home » » အစ္စလာမ်ကိုစော်ကားသည့်ရုပ်ရှင်ရိုက်ကူးသူအားသတ်ဖြတ်နိုင်ပါက ဆုငွေချီးမြှင့်မည်ဟု ပါကစ္စတန်ဝန်ကြီးကြေညာ။

အစ္စလာမ်ကိုစော်ကားသည့်ရုပ်ရှင်ရိုက်ကူးသူအားသတ်ဖြတ်နိုင်ပါက ဆုငွေချီးမြှင့်မည်ဟု ပါကစ္စတန်ဝန်ကြီးကြေညာ။

Written By လွင့်မောင်မောင် on Monday, September 24, 2012 | 8:23 AM

ပါကစ္စတန်ပြည်ထောင်မီးရထားဝန်ကြီး Ghulam Ahmed Bilour
ပါကစ္စတန်ပြည်ထောင်မီးရထားဝန်ကြီး Ghulam Ahmed Bilour က အစ္စလာမ်ဘာသာကိုစော်ကားသော ရုပ်ရှင်ရိုက်ကူးသူ ကယ်လီဖိုးနီးယားအခြေစိုက် အီဂျစ်လူမျိုး အ သက်(၅၅)နှစ်အရွယ်ရှိ Nakoula Basseley Nakoulaအားသတ်ဖြတ်နိုင်သူအားဆုငွေဒေါ်လာတသိန်းချီးမြှင့်ဟုသတင်း
စာရှင်းလင်းပွဲတွင်ကြေငြာခဲ့သည်။ Bilourမှအယ်ကိုင်ဒါအဖွဲ့နှင့်တာလီဘန်အဖွဲ့တို့အားလည်းမိမိ၏ကြေညာညာချက်အပေါ်
အမျိုးဘာသာအတွက်ဆောင်ရွက်ကြရန်ကိုလည်းဖိတ်ခေါ်လိုက်သည်။
 မြင့်မြတ်သည့်ပရော့ဖိတ်ကို စော်ကားသူအားသတ်ဖြတ်နိုင်သူကို
 ပေးအပ်မည့်ဆုငွေဒေါ်လာတသိန်းသည်မိမိ၏ ကိုယ်ပိုင်ငွေဖြင့်ပေးအပ်ဂုဏ်ပြုမည်ကြောင်း ပြောဆိုခဲ့သည်။ မီးရထားဝန်ကြီးရဲ့ပြောဆိုချက်သည်သူ၏ကိုယ်ပိုင်သဘောထားအမြင်ဖြစ်ပြီးပါကစ္စတန်အစိုးရရဲ့
သဘောထားမဟုတ်သည့်အပြင် ထောက်ခံမှုမရှိကြောင်းကို ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Raja Pervez Ashrafမှ အေအက်ပီသတင်းဌာနသို့ တရားဝင် ကြားခဲ့သည်။ ပါကစ္စတန်ပြည်သူပါတီမှ ဆီးနိတ်အမတ် Rubina Khalid က " ကျမတို့အနေနဲ့ မည်သည့်ပါတီကမှ ဘာသာရေးလှုပ်ရှားရေး ဖေါ်ဆောင်တာကိုမတွေ့မြင်ရပါဘူး"လို့မီးရထားဝန်ကြီးBilourအား
 မေးခွန်းထုတ်လိုက်ပြီး Bilour ၏ကြေညာချက်မထောက်ခံသည့် အပြင် ကန့်ကွက်ဆန့်ကျင်ကြောင်း အယ်ဂျာဇီးယား သတင်း ဌာနရဲ့ဆက်သွယ်မေးမြန်းချက်ကိုဖြေကြားခဲ့သည်။ မီးရထားဝန်ကြီး Bilou က ပါကစ္စတန်ပြည်သူများအား မြင့်မြတ်သောပရောဖိတ်အားချစ်ကြ၊ ပရောဖိတ်အားစော်ကားသူကိုအပစ်ပေးကြဖို့ပြည်သူတွေအစ္စလာမ်မာဘတ်ရှိပါလီမန်အဆောက်
အဦးကိုချီတက်ကြဖို့ မနေ့က လှုံဆော်တိုက်တွန်းလိုက်သည်။
 Aung Pan(Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template