ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)
တွေ့ဆုံပွဲကို စက်တင်ဘာလ၂၃ရက်နေ့ နံနက်ပိုင်းက ဟိုတယ်ရန်ကုန်၌
ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီဒီယာဥပဒေသည် သတင်းသမားများအား ထိန်းချုပ်သည့် ဥပဒေမဖြစ်စေရဘဲ
ကာကွယ်သည့် ဥပဒေသာဖြစ်သင့်ကြောင်းကို အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်သူများက
အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့်
ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဌ သူရဦးအေးမြင့်နှင့်
အဖွဲ့ဝင်သုံးဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဥက္ကဌ
ဦးခင်မောင်အေးနှင့် အဖွဲ့ဝင် များ၊ အခြားဖိတ်ကြားထားသော စာပေစာနယ်ဇင်းမှ
ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ကို ကာကွယ်ရမည်ဖြစ်သကဲ့သို့
သတင်းရေးခံရသူများကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း တာဝန်နှင့်
လုပ်ပိုင်ခွင့်ကိုမျှတရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပြည်လုံး
အတိုင်းတာနှင့် ပါဝင်အောင် ကြိုးစားရမည်ဖြစ်ကြောင်း စာနယ်ဇင်းဥပဒေကို
နိုင်ငံတော်က သွားနေသည့်လမ်းနှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး
ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာ နယ်ဇင်းကောင်စီ
(ယာယီ) ဥက္ကဋ္ဌ-ဦးခင်မောင်အေး (တရားရုံးချုပ်တရားသူကြီး(ငြိမ်း)က
ပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်း
(မောင်ဝံသ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း)က
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးသည့် ဥပဒေများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း
မီဒီယာဥပဒေတွင် ကာကွယ်ပေးခြင်း၊ ပြစ်ဒဏ်ပေးခြင်းနှစ်ခုတွင်
ပြစ်ဒဏ်ပေးတာချည်း မဖြစ်သင့်ကြောင်း၊ သတင်းယူခြင်း သတင်းရေးခြင်း၊
တင်ပြခြင်း၏လွတ်လပ်ခွင့် အကျိုးဆက်များအနေဖြင့် လွပ်လပ်ခွင့်အတိုင်းအတာသည်
ပြည်သူလူထုသတင်းအမှန်များ သိရှိခွင့် ရှိသည်ဆိုသည်ကို
စဉ်းစားရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
မီဒီယာဥပဒေ မရှိသင့်သည်ကို ထောက်ခံကြောင်း တိုင်တန်းခြင်းဆိုင်ရာ
ကော်မတီသာ ရှိသင့်ကြောင်း၊ ဥပဒေအား သီးသန့်ပြဌာန်းခြင်းထက်
ထိခိုက်နိုင်သည့်ဥပဒေများကိုသာ ပြင်သင့်ကြောင်း ရွှေကူမေနှင်းက
သုံးသပ်ခဲ့ပါသည်။
ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့ရာ
မီဒီယာဥပဒေနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆူညံခဲ့ကြောင်း၊
နိုင်ငံသူနိုင်ငံသားများ၏ သိရှိရမည့် အခွင့်အရေးများကို ဖိနှိပ်ထားခြင်းကို
၎င်းတို့ ကော်မတီအနေဖြင့် ရိုက်ချိုးနိုင်ခဲ့ကြောင်း၊ ပုဒ်မ ၅(ည)နှင့်
အီလက်ထရောနစ်ဥပဒေကဲ့သို့ မီဒီယာသမားများအား ထိလွယ်ရှလွယ်သည့် ဥပဒေများနှင့်
ပတ်သက်၍ လွှတ်တော်တွင် ပြင်စ ရာအများကြီး ရှိနေသေးကြောင်း၊ မီဒီယာဥပဒေသည်
မီဒီယာသမားများအတွက် လွတ်လပ်ရမည့် မျှတရမည့်၊ ကာကွယ်ပေးရမည့်
ဥပဒေဖြစ်ရမည်ဖြစ်ကြောင်း၊ မီဒီယာဥပဒေကို လွှတ်တော်တွင် ပြင်သင့်တာပြင်၊
ဖြုတ်သင့်တာဖြုတ် ပြုလုပ် ရေးဆွဲရမည်ဖြစ်ကြောင်း၊ မီဒီယာ
ဥပဒေရေးဆွဲခြင်းသည် လွယ်သလား၊ ယခင်ဥပဒေများကို ပယ်ဖျက်ရန်
လွယ်သလားစသည်ဖြင့် စဉ်းစားရမည်ဖြစ်ကြောင်း၊ ဥပမာ ပြစ်မှုပြစ်ဒဏ်ပိုင်း
ထည့်သင့် မထည့်သင့်နှင့် ဘယ်အပိုင်းတွေကို မထည့်သင့်ဟုဆိုတာကို
ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားခဲ့ရာ မီဒီယာသမားများအား
လိုက်နာရမည့် ဥပဒေများ မီဒီယာသမားများအား ထိန်းချုပ်သည့် ဥပဒေများ
ရှေးကတည်းက ရှိပြီးဖြစ်ကြောင်း သို့သော်လည်း ကာကွယ်သည့် ဥပဒေမရှိကြောင်း၊
ထို့ကြောင်း မီဒီယာသမားများအား ကာကွယ်သည့် ဥပဒေများကို ပြဋ္ဌာန်းသင့်ကြောင်း
ပြောကြားခဲ့ပါသည်။
တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးက ပြောကြားခဲ့ရာ''
နိုင်ငံသားရပိုင်ခွင့်နှင့် တာဝန်ရှိသလို မီဒီယာသမားတွေအနေနဲ့ သီးသန့်
ရပိုင်ခွင့်နဲ့ တာဝန်ရှိပါတယ်။ မီဒီယာအတွက် ကန့်သတ်ချက်တွေမဖျက်ဘဲနဲ့
ချွင်းချက်တွေ လိုက်ထည့်ရင်ရမယ် ဆိုပေမဲ့ အကုန်လိုက်လုပ်ရင်
မဖြစ်နိုင်ပါဘူး။ ကင်းလွတ်ရမြဲအချက်တွေကို ပြည့်ပြည့်စုံစုံထည့်ပြီးမှသာ
မီဒီယာသမားတွေအတွက် မီဒီယာဥပဒေနဲ့သာ အရေးယူရမယ်ဆိုတဲ့ ပြဌာန်းချက်တွေနဲ့
မီဒီယာဥပဒေဆိုတာ ရှိသင့်ပါတယ်။ သို့မှသာ လုံခြုံမှုရှိမယ်။ လက် ရှိ
အစိုးရမူဝါဒတွေနဲ့ဆိုရင် မဖြစ်နိုင်ပါ။ မဖြစ်သင့်သည်များ ပါဝင်နေပါတယ်''ဟု
သုံးသပ်ဆွေး နွေးခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံစာ နယ်ဇင်းကောင်စီ(ယာယီ)ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်း
(မောင်ဝံသ၊ ဥက္ကဋ္ဌ၊ - မြန်မာနိုင်ငံသတင်းစာဆရာအသင်း)က ''
ဦးခိုင်မောင်ရည်ပြောသော မီဒီယာဥပဒေကိစ္စသည် မီဒီယာသမားများထံမှ
စခဲ့ခြင်းမဟုတ်ကြောင်း၊ ပြန်ကြား ရေးကပြုလုပ်သည့်
အင်းယားလိတ်ဟိုတယ်ပွဲတစ်ခုမှ စခဲ့ကြောင်း မာတိကာတွင်)မီဒီယာဥပဒေတွင်
အရေးယူတာ၊ အပြစ်ပေးတာ များပါနေသည်ကို သိရကြောင်း၊ မီဒီယာဥပဒေသည်
နှိပ်ကွပ်မည့်ဥပဒေဟုသာ နားလည်ထားကြောင်း မီဒီယာဥပဒေသည် သတင်းသမားများအား
ကာကွယ်သည့် ဥပဒေမျိုးသာ ဖြစ်သင့်ကြောင်း''ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဆရာဖေမြင့်က ပါဝင်ဆွေးနွေးခဲ့ရာ သတင်းသမားများတွင်
ဦးထုပ်အမာတစ်လုံး ရှိရမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာ
ရေးသားခွင့်နှင့်ပတ်သက်လျှင် သတင်းသမား၊ စာရေးဆရာ၊ ကဗျာဆရာ
များပါဝင့်ကြောင်း၊ လွှတ်တော်ရေးရာကော်မတီက
ဦးဆောင်ဆွေးနွးလျှင်ကောင်းကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago