Headlines News :
Home » , » မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လက်ခံရန် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လက်ခံရန် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ပြောကြား

Written By လွင့်မောင်မောင် on Saturday, October 13, 2012 | 10:03 PM


အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံအပေါ် တင်ရှိသည့် ၄င်းတို့၏ ကြွေးမြီဟောင်းများကို ရှင်းလင်းပေးရန် လိုလားကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံက “ကြွေးကျန် ရှင်းလင်းရေး စီမံချက်” (arrears clearance operation) ဟုခေါ်သည့် အစီအစဉ်ကို လာမည့် ဇန်နဝါရီလတွင် အကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံအား ယန်းငွေဖြင့် ချေးငွေထုတ်ပေးမှုကို လာမည့်နှစ်တွင် ပြန်လည်စတင်ရန် စီစဉ်လျက်ရှိသည်။

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပနေစဉ် ကာလတွင် မြန်မာနိုင်ငံ၏ ကြွေးမြီနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကြွေးမြီကိစ္စအပေါ် ကျယ်ပြန့်သော နည်းလမ်းဖြင့် ဖြေရှင်းရေးမှာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဝင်ဆံ့ရေးအတွက် အရေးကြီးသည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန်၊ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြန်လည်လက်ခံရန် အချိန်တန်နေပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အများအပြားကို လုပ်ဆောင်လျက်ရှိကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကိုရီကီ ဂျိုဂျီမာက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဤအစီအစဉ်ဖြင့် မြန်မာနိုင်ငံအား ယန်းငွေဖြင့် အတိုးနှုန်းချိုသာသော ချေးငွေများ ထုတ်ပေးခြင်းကို ဇန်နဝါရီလတွင် စတင်ပါက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ချေးငွေထုတ်ပေးခြင်း ဖြစ်လာမည်ဖြစ်သည်။

သဘာဝဓါတ်ငွေ့နှင့် အခြားသယံဇာတများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံအား ဂျပန်ကုမ္ပဏီများအတွက် အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် နေရာသစ်တစ်ခုအဖြစ် ရှုမြင်လျက်ရှိကြသည်။ ဤကြွေးမြီလျှော်ပစ်ရေး စီမံချက်အရ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဘဏ် (Japan Bank for International Cooperation) မှ ပေါင်းကူးချေးငွေများ (bridge loans) ဖြင့် ၄င်း၏ ကြွေးမြီဟောင်းများကို နိုင်ငံတကာ မြီရှင်များထံသို့ ပြန်လည်ပေးဆပ်မည် ဖြစ်သည်။

ထို့နောက် ထိုငွေချေးသူများသည် မြန်မာနိုင်ငံအား အတိုးနှုန်းနည်းသော ချေးငွေသစ်များ ထုတ်ပေးမည်ဖြစ်သည်။ နိုင်ငံတကာ မြီရှင်နှစ်ဦး၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးကြီးသည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုသည်လည်း မြန်မာနိုင်ငံ၏ မိုက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုတွင် မရှိမဖြစ် အရေးပါသည်ဟု အစည်းအဝေးတွင် ပါဝင်တက်ရောက်သူများက သဘောတူညီခဲ့ကြကြောင်း ဂျပန်အရာရှိများက ပြောကြားခဲ့သည်။

ဤအစည်းအဝေးတွင် ဂျာမနီ၊ ဒိန်းမတ်၊ ပြင်သစ် စသောနိုင်ငံများကလည်း ငွေချေးယူခဲ့သည့် မြန်မာနိုင်ငံအား Paris club ခေါ် မြီရှင်နိုင်ငံများနှင့် ဘက်ပေါင်းစုံ သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးရန် ဇန်နဝါရီလတွင် ပဲရစ်မြို့၌ ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။

တိုကျိုမြို့၌ ကျင်းပသည့် ဤအစည်းအဝေးတွင် နိုင်ငံ ၂၆ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ငါးခုမှ အရာရှိများ တက်ရောက်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template