Headlines News :
Home » » ထားဝယ်တက္ကသိုလ်စိတ်ပညာ ဌာနမှ ဆရာတစ်ဦးကိုလူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သည့်အတွက်တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေး

ထားဝယ်တက္ကသိုလ်စိတ်ပညာ ဌာနမှ ဆရာတစ်ဦးကိုလူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သည့်အတွက်တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေး

Written By လွင့်မောင်မောင် on Thursday, October 11, 2012 | 2:00 PM

ထားဝယ်တက္ကသိုလ်
 ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာ ဦးဇော်သူရအား လူမှုရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီး အစိုးရမှ တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေး လျက်ရှိကြောင်းသိရသည် ။ ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာ ဦးဇော်သူရအား လူမှုရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီး အစိုးရမှ တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေး လျက်ရှိကြောင်းသိရသည် ။

၈.၉.၂၀၁၂နေ့မနက် (၁၁.၄၅)မိနစ်ခန့်တွင် ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှူးမှ ဦးဇော်သူရအား တာဝန်ခံပါမောက္ခချုပ် နေ့လည်(၂)နာရီတွင်လာရောက်တွေ့ဆုံပါရန်ပြောကြောင်း အသိပေးပါသည်။

ဆရာဦးဇော်သူရသည် နေ့လည်(၂)နာရီတွင် သွားရောက်ခဲ့ရာတွင် ထားဝယ်တက္ကသိုလ် အစည်းအဝေးကျင်းပ လေ့ရှိသော အခန်းတွင် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ ( တာဝန်ခံပါမောက္ခချုပ်၊ ဒု-ပါချုပ်၊ သင်တန်းရေးရာမှူး၊ စီမံ-ဘဏ္ဍာမှူးနှင့် ပါမောက္ခ(၃)ဦးတို့နှင့်အတူ အစည်းအဝေးကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးတွင် တာဝန်ခံပါမောက္ခချုပ်မှ “ ဆရာ (ဦးဇော်သူရ)အနေနဲ့ ဘယ်သူတွေနဲ့၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာ အသိဆုံး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရမှ အကြောင်းကြားသဖြင့် အသိပေးရခြင်းဖြစ်ကြောင်း၊ ၀န်ထမ်း စည်းကမ်းနဲ့အညီနေထိုင်ရန်လိုကြောင်း၊အပြုအမူဆင်ခြင်ရန်ဖြစ်ကြောင်း၊၀န်ထမ်းဥပဒေများက ကိုလိုနီခေတ်က ပြဌာန်းခဲ့ပေမယ့် ယခုတိုင်အသုံးပြုဆဲဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ်အတွက် လိုအပ်တဲ့ဆရာတစ်ဦး ဖြစ်တဲ့ အတွက် မနစ်နာစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရ၏ပြောပြချက်ကိုသာအသိပေးခြင်းဖြစ်ကြောင်း၊ အပြစ်တစ်စုံတစ်ရာ ကျူးလွန်မှုမရှိသဖြင့် အစည်းအဝေးတက်ရောက်ကြောင်း၌သာ လက်မှတ်ထိုးပေးရန် ပြောကြားပြီး အစည်းအဝေး ပြီးဆုံးခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူးထံသွားရောက်တွေ့ဆုံခဲ့သော သင်တန်းရေးရာ မှူးအားတွေ့ဆုံရာတွင် ၊ “ တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူးက ဦးဇော်သူရကို သိပါသလား၊ ပါတီနိုင်ငံရေးလုပ်နေကြောင်း၊ ၀န်ထမ်းစည်းမျဉ်းကို ဖောက်နေကြောင်း၊ အရေးယူခဲ့ပါက နစ်နာဆုံးရှုံးနိုင် ကြောင်း၊ ထားဝယ်တက္ကသိုလ်တွင်လည်းတာဝန်ရှိကြောင်း၊ နောင်အခါများတွင် ယခုကဲ့သို့ ဆက်လက် လုပ်နေပါက အရေးယူမည်” ဟု ဆိုကြောင်း ပြောပါသည်။

အဆိုပါ ကိစ္စရပ်အတွက် ထားဝယ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ၊ ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂ နှင့် ထားဝယ် ရှိ အရပ်ဖက်အဖွဲ့အစည်းများ က ကြေညာချက်များ အသီးသီးထုတ်ပြန်ရန် စီစဉ်လျက်ရှိပါသည် ။ အခုလို ဖိအားပေးမှုကြောင့် လူမှုရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော အခြားသော တက္ကသိုလ် ဆရာများအပါအ၀င် အစိုးရ ၀န်ထမ်းများမှာ နောက်နောက် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ရန်အတွက် စိုးရိမ်နေကြပါသည် ။
အသေးစိတ်အချက်အလက်များကို

ဆရာ ဦးဇော်သူရ - 09 49852371
ကိုကျော်ကျော်သက် ( ၈၈ မျိုးဆက်ကျောင်းသား -ထားဝယ် ) - 09 8760167
ကို ၀သုန် ( ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ ) - 09 422190217
ကိုသန့်စင် ( ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့ ) - 09 422190691
ပါမောက္ခချုပ် ( ထားဝယ်တက္ကသိုလ် ) (ရုံးချိန်အတွင်း 059-21278 နှင့် 059 -21152 )   သို့ မေးမြန်းနိုင်ပါသည် ။ 
http://www.co2zenith.com/2012/10/blog-post_11.html
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template